YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 18:6-16

၁ ဓမ္မရာဇဝင် 18:6-16 JBMLE

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။ ထို​နေ့​မှ​စ၍ ဒါ​ဝိဒ်​ကို အ​စဉ်​ချောင်း​မြောင်း​လျက်​နေ၏။ နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ ရောက်​သ​ဖြင့်၊ ရှော​လု​သည် နန်း​တော်​အ​လယ်၌ ပ​ရော​ဖက်​ပြု​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​ရင်​ကဲ့​သို့ စောင်း​တီး​လေ၏။ ရှော​လု​သည် လှံ​တိုကို​ကိုင်​လျက် ရှိ၍၊ ဒါ​ဝိဒ်​ကို ထ​ရံ​နား​မှာ​ထိုး​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း လှံ​တို​ကို​ထိုး​ပစ်​သော်​လည်း၊ ဒါ​ဝိဒ်​သည် အ​ထံ​တော်​မှ နှစ်​ကြိမ်​ရှောင်​လွှဲ​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ထံ​မှ​ထွက်၍ ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​သော​ကြောင့်၊ ရှော​လု​သည် ဒါ​ဝိဒ်​ကို​ကြောက်​ရွံ့​သ​ဖြင့်၊ အ​ထံ​တော်​မှ​ရွှေ့၍ လူ​တစ်​ထောင်​အုပ်​အ​ရာ​ကို ပေး၏။ ဒါ​ဝိဒ်​သည် လူ​များ​ရှေ့၌ ထွက်​ဝင်​ရ၏။ ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊ ထို​သို့ အ​လွန်​သ​တိ​ပ​ညာ​နှင့် ပြု​မူ​သည်​ကို ရှော​လု​သည်​မြင်​လျှင် သာ၍​ကြောက်​ရွံ့​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ချစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့၌ ဒါ​ဝိဒ်​သည် ထွက်​ဝင်​တတ်၏။