YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 18:6-16

၁ ဓမ္မရာဇဝင် 18:6-16 Judson Bible (JBMLE)

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။ ထို​နေ့​မှ​စ၍ ဒါ​ဝိဒ်​ကို အ​စဉ်​ချောင်း​မြောင်း​လျက်​နေ၏။ နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ ရောက်​သ​ဖြင့်၊ ရှော​လု​သည် နန်း​တော်​အ​လယ်၌ ပ​ရော​ဖက်​ပြု​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​ရင်​ကဲ့​သို့ စောင်း​တီး​လေ၏။ ရှော​လု​သည် လှံ​တိုကို​ကိုင်​လျက် ရှိ၍၊ ဒါ​ဝိဒ်​ကို ထ​ရံ​နား​မှာ​ထိုး​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း လှံ​တို​ကို​ထိုး​ပစ်​သော်​လည်း၊ ဒါ​ဝိဒ်​သည် အ​ထံ​တော်​မှ နှစ်​ကြိမ်​ရှောင်​လွှဲ​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ထံ​မှ​ထွက်၍ ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​သော​ကြောင့်၊ ရှော​လု​သည် ဒါ​ဝိဒ်​ကို​ကြောက်​ရွံ့​သ​ဖြင့်၊ အ​ထံ​တော်​မှ​ရွှေ့၍ လူ​တစ်​ထောင်​အုပ်​အ​ရာ​ကို ပေး၏။ ဒါ​ဝိဒ်​သည် လူ​များ​ရှေ့၌ ထွက်​ဝင်​ရ၏။ ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊ ထို​သို့ အ​လွန်​သ​တိ​ပ​ညာ​နှင့် ပြု​မူ​သည်​ကို ရှော​လု​သည်​မြင်​လျှင် သာ၍​ကြောက်​ရွံ့​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ချစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့၌ ဒါ​ဝိဒ်​သည် ထွက်​ဝင်​တတ်၏။

၁ ဓမ္မရာဇဝင် 18:6-16 Common Language Bible (BCL)

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။- ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။- ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊- ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။ နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊- ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။ ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။- သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊- ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။- ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။

၁ ဓမ္မရာဇဝင် 18:6-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။ ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။ ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။ ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။ နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။ ထိုအခါ ရှောလု​မင်းကြီး​က “​ဒါဝိဒ်​ကို နံရံ​ထုတ်ချင်းပေါက်​အောင် ငါ​ထိုးသတ်​မည်​”​ဟု ဆို​လျက် လှံ​ကို​ပစ်လွှတ်​လိုက်​၏​။ သို့သော် ဒါဝိဒ်​သည် နှစ်​ကြိမ်​တိုင်တိုင် ရှောင်တိမ်း​လိုက်​နိုင်​၏​။ ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လူ​တစ်ထောင်အုပ်​အဖြစ်​ခန့်အပ်​ပြီး အထံ​တော်​မှ​ရွှေ့ပြောင်း​ပစ်​၏​။ ဒါဝိဒ်​သည်​လည်း စစ်သည်​တို့​ကို ဦးဆောင်​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။ ထိုသို့ အရာရာ​၌​အောင်မြင်​မှု​ရရှိ​နေ​သည်​ကို ရှောလု​မင်းကြီး သိမြင်​လျှင် ဒါဝိဒ်​ကို ပို၍​ကြောက်​လေ​၏​။ သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။