YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16:14-23

၁ ဓမ္မရာဇဝင် 16:14-23 JBMLE

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။ ရှော​လု၏ ကျွန်​တို့​က​လည်း၊ ယ​ခု​မှာ ဘု​ရား​သ​ခင်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို နှောင့်​ယှက်​တတ်​ပါ၏။ ခ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊ ရှော​လု​က၊ သာ​ယာ​စွာ တီး​တတ်​သော​သူ​ကို ငါ့​အ​ဖို့​ရှာ​ဖွေ၍ ငါ့​ထံ​သို့ ခေါ်​ခဲ့​ကြ​ဟု ကျွန်​တို့​အား မိန့်​တော်​မူ​သော်၊ ကျွန်​တစ်​ယောက်​က၊ ကျွန်​တော်​တွေ့​ဖူး​သော ဗက်​လင်​မြို့​သား ယေ​ရှဲ​သား​သည် စောင်း​တီး​သော​အ​တတ်၊ ရဲ​ရင့်​ခြင်း​အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၍၊ စစ်​မှု၌​လည်း​ကောင်း၊ ပ​ညာ​စ​ကား၌​လည်း​ကောင်း လေ့​ကျက်​ပါ၏။ အ​ဆင်း​လည်း လှ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု လျှောက်​သော​ကြောင့်၊ ရှော​လု​က၊ ယေ​ရှဲ​ရှိ​ရာ​သို့ လူ​ကို​စေ​လွှတ်၍၊ သိုး​ထိန်း​ဖြစ်​သော သင်၏​သား​ဒါ​ဝိဒ်​ကို ငါ့​ထံ​သို့ စေ​လွှတ်​ရ​မည်​ဟု အ​မိန့်​တော်​ရှိ၏။ ယေ​ရှဲ​သည် မုန့်​တင်​သော​မြည်း၊ စ​ပျစ်​ရည်​ဘူး၊ ဆိတ်​သ​ငယ်​ကို​ယူ၍ မိ​မိ​သား​ဒါ​ဝိဒ်​တွင် ရှော​လု​ထံ​သို့ ပေး​လိုက်​လေ၏။ ဒါ​ဝိဒ်​သည် ရှော​လု​ထံ​သို့​ရောက်၍​ခ​စား​သ​ဖြင့်၊ ရှော​လု​သည် အ​လွန်​ချစ်၍ လက်​နက်​တော်​ဆောင်​အ​ရာ၌ ခန့်​ထား၏။ ရှော​လု​သည်​လည်း ယေ​ရှဲ​ရှိ​ရာ​သို့​လူ​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်​ကို ငါ့​စိတ်​နှင့်​တွေ့​သော​ကြောင့် ငါ့​ထံ၌ ခ​စား​ပါ​စေ​ဟု အ​ခွင့်​တောင်း​လေ၏။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် စောင်း​ကို​ယူ၍​တီး​သ​ဖြင့် ဆိုး​သော​ဝိ​ညာဉ်​ထွက်​သွား၍၊ ရှော​လု​သည် သက်​သာ​လျက် ပ​က​တိ​ကျန်း​မာ​လျက်​ရှိ​တတ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။