YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 14:24-30

၁ ဓမ္မရာဇဝင် 14:24-30 JBMLE

ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။ လူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌ ပျား​ရည်​ရှိ​ရာ​တော​သို့ ရောက်​သ​ဖြင့်၊ တော​ထဲ​သို့​ဝင်​သော​အ​ခါ ပျား​ရည်​စက်​စက်​ကျ​လျက် ရှိ​သော်​လည်း၊ အ​ကျိန်​တော်​ကို ကြောက်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မိ​မိ​လက်​ကို မိ​မိ​ပါး​စပ်၌​မ​ထည့်။ သို့​ရာ​တွင် ခ​မည်း​တော်​သည် လူ​များ​တို့​အား အ​ကျိန်​ပေး​သည်​ကို ယော​န​သန်​မ​ကြား​သော​ကြောင့်၊ မိ​မိ​ကိုင်​သော လှံ​တံ​ဖျား​ကို ပျား​လ​ပို့၌​နှစ်၍ မိ​မိ​လက်​နှင့် ယူ​စား​သ​ဖြင့် မျက်​စိ​ကြည်​လင်​လေ၏။ ခ​မည်း​တော်​က၊ ယ​နေ့ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​များ​တို့​အား ကျပ်​ကျပ် အ​ကျိန်​ပေး​တော်​မူ​ပြီ​ဟု လူ​တစ်​ယောက် ကြား​လျှောက်၏။ လူ​တို့​သည်​လည်း မော​လျက်​နေ​ကြ၏။ ယော​န​သန်​က​လည်း၊ ငါ့​အ​ဘ​သည် ပြည်​သား​တို့​ကို နှောင့်​ယှက်​လေ​ပြီ။ ဤ​ပျား​ရည် အ​နည်း​ငယ်​ကို ငါ​စား​သော​ကြောင့် ငါ့​မျက်​စိ​ကြည်​လင်​သည်​ကို ကြည့်​ပါ​တော့။ လူ​များ​တို့​သည် ယ​နေ့​တွေ့​မိ​သော ရန်​သူ၏​ဥ​စ္စာ​ကို​စား​ချင်​တိုင်း​စား​လျှင်၊ အ​ဘယ်​မျှ​လောက် အ​ကျိုး​ကြီး​လိမ့်​မည် တ​ကား။ ဖိ​လိ​တ္တိ​လူ​တို့​ကို​သာ၍ လုပ်​ကြံ​ကြ​လိမ့်​မည်​တ​ကား​ဟု ဆို​လေ၏။