YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 12:15-23

၁ ဓမ္မရာဇဝင် 12:15-23 JBMLE

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်၊ အာ​ဏာ​တော်​ကို​ဆန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ဘိုး​ဘေး​တို့​ကို ဆီး​တား​သ​ကဲ့​သို့ သင်​တို့​ကို ဆီး​တား​တော်​မူ​လိမ့်​မည်။ ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။ ယ​နေ့ ဂျုံ​စ​ပါး​ရိတ်​ရာ​ကာ​လ​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း၍ မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြစ်​မှား​မိ​သော​အ​ပြစ်​သည် ကြီး​ကြောင်း​ကို ရိပ်​မိ​သိ​မြင်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ဆု​တောင်း၍၊ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ​ကို အ​လွန်​ကြောက်​ရွံ့​ကြ၏။ လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။ ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။ ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ဟာ​နာ​မ​တော်​ကို​ထောက်၍ မိ​မိ​လူ​တို့​ကို စွန့်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို မိ​မိ​လူ​အ​ရာ၌ ခန့်​ထား​ခြင်း​ငှာ​အ​လို​ရှိ​တော်​မူ​ပြီ။ ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။