YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 12:15-23

၁ ဓမ္မရာဇဝင် 12:15-23 Judson Bible (JBMLE)

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်၊ အာ​ဏာ​တော်​ကို​ဆန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ဘိုး​ဘေး​တို့​ကို ဆီး​တား​သ​ကဲ့​သို့ သင်​တို့​ကို ဆီး​တား​တော်​မူ​လိမ့်​မည်။ ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။ ယ​နေ့ ဂျုံ​စ​ပါး​ရိတ်​ရာ​ကာ​လ​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း၍ မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြစ်​မှား​မိ​သော​အ​ပြစ်​သည် ကြီး​ကြောင်း​ကို ရိပ်​မိ​သိ​မြင်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ဆု​တောင်း၍၊ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ​ကို အ​လွန်​ကြောက်​ရွံ့​ကြ၏။ လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။ ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။ ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ဟာ​နာ​မ​တော်​ကို​ထောက်၍ မိ​မိ​လူ​တို့​ကို စွန့်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို မိ​မိ​လူ​အ​ရာ၌ ခန့်​ထား​ခြင်း​ငှာ​အ​လို​ရှိ​တော်​မူ​ပြီ။ ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။

၁ ဓမ္မရာဇဝင် 12:15-23 Common Language Bible (BCL)

``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။- သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။- ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊- ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။ ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။- ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။- ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။- ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။

၁ ဓမ္မရာဇဝင် 12:15-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကယ်၍ သင်​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​ဘဲ ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​လျှင် ထာဝရဘုရား​၏​လက်​တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို ဒဏ်ခတ်​သကဲ့သို့ သင်​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​။ ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​ရှေ့​၌ ထာဝရဘုရား​ပြု​တော်မူ​မည့်​အမှု​ကြီး​ကို ကြည့်​ကြ​လော့​။ ယနေ့​သည် ဂျုံ​ရိတ်သိမ်း​သော​နေ့​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို​ရွာသွန်း​စေ​မည့်​အကြောင်း ငါ​သည် ထာဝရဘုရား​ထံ ဆုတောင်း​မည်​။ သင်​တို့​အဖို့ ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ မည်မျှ​အပြစ်​ကြီး​ကြောင်း​ကို သင်​တို့​သိမြင်​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင် ရှမွေလ​သည် ထာဝရဘုရား​ထံ ဆုတောင်း​သောအခါ ထို​နေ့​တွင် ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို ရွာသွန်း​စေ​တော်မူ​သဖြင့် လူ​အပေါင်း​တို့​သည် ထာဝရဘုရား​နှင့်​ရှမွေလ​ကို အလွန်​ကြောက်ရွံ့​ကြ​လေ​၏​။ ထို့ကြောင့် လူ​အပေါင်း​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​အပြစ်​အလုံးစုံ​တို့​အပေါ်​၌ ထပ်၍​မကောင်းမှု​ကို​ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့ မ​သေ​ရ​မည့်​အကြောင်း အရှင်​၏​အစေအပါး အကျွန်ုပ်​တို့​အဖို့ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။ ရှမွေလ​က​လည်း လူ​တို့​အား “​သင်​တို့​မ​ကြောက်​ကြ​ပါ​နှင့်​။ ဤ​မကောင်းမှု​အလုံးစုံ​ကို ပြု​မိ​ခဲ့​ကြ​သော်လည်း ယခုမှာ ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ခြင်း​မှ မ​လွှဲသွား​ကြ​ပါ​နှင့်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​ပါ​လော့​။ အကျိုး​မ​ပေး​သော​၊ မ​ကယ်တင်​နိုင်​သော​အချည်းနှီး​သော​အရာ​တို့​နောက်​သို့​လိုက်​၍ လမ်း​မ​လွဲ​ကြ​နှင့်​။ ထို​အရာ​တို့​သည် အချည်းနှီးသက်သက်​ဖြစ်​ကြ​၏​။ ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။ ငါ​မူကား သင်​တို့​အဖို့ ဆု​မ​တောင်း​ဘဲ​နေ​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​လမ်း​၊ မှန်ကန်​သော​လမ်း​ကို သွန်သင်​ပြသ​လျက်​နေ​ပါ​မည်​။