YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:13-17

၁ ရှင်ပေတရု 2:13-17 JBMLE

သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။- လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

​၁ ရှင်ပေတရု 2:13-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။