YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 3:1-28

၃ ဓမ္မရာဇဝင် 3:1-28 JBMLE

ရှော​လ​မုန်​သည် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​လျက်၊ သ​မီး​တော်​နှင့်​စုံ​ဖက်၍ နန်း​တော်၊ ဗိ​မာန်​တော်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို မ​ပြီး​မီ​တိုင်​အောင် ဒါ​ဝိဒ်​မြို့၌ နေ​ရာ​ပေး​တော်​မူ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို မ​တည်​သေး​သော​ကြောင့်၊ လူ​များ​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ ခ​မည်း​တော်​ဒါ​ဝိဒ်၏ စီ​ရင်​ချက်​တို့​ကို စောင့်​ရှောက်​တတ်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၏။ တစ်​ရံ​ရော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ယဇ်​ပူ​ဇော်​ခြင်း​ငှာ အ​လွန်​မြင့်​မြတ်​သော အ​ရပ်​တည်း​ဟူ​သော ဂိ​ဗောင်​မြို့​သို့​သွား၍ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ခါ အိပ်​မက်​တွင် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည်​ဆု​ကို တောင်း​လော့​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။ ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်၏​ကျွန် အ​ကျွန်ုပ်၏​အ​ဘ​ဒါ​ဝိဒ်​သည် ရှေ့​တော်၌ သ​ဘော​ဖြောင့်၍ သ​မ္မာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​အ​တိုင်း ကျင့်​သည်​နှင့်​အ​ညီ၊ သူ၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ယ​နေ့​တွင်​ရှိ​သည်​အ​တိုင်း၊ သူ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​သား​ကို သူ့​အား ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ့​အ​ဖို့ ကျေး​ဇူး​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ ယ​ခု​မှာ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​ကို အ​ဘ​ဒါ​ဝိဒ်၏​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် သူ​ငယ်​ဖြစ်​ပါ၏။ ထွက်​ဝင်​ခြင်း​ငှာ မ​တတ်​နိုင်​ပါ။ ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် တာ​ရှည်​သော​အ​သက်​ကို မ​တောင်း၊ စည်း​စိမ်​ကို​လည်း မ​တောင်း၊ ရန်​သူ​တို့၏​အ​သက်​ကို​လည်း မ​တောင်း၊ တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော​ဉာဏ်​ကို​သာ ကိုယ်​အ​ဖို့​တောင်း​လျှောက်​သော​ကြောင့်၊ သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင်​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​ကို​မျှ သင့်​လက်​ထက်၌ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​မ​တောင်း​သော​ဆု၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး၏။ သင့်​အ​ဘ​ဒါ​ဝိဒ် ကျင့်​သည်​အ​တိုင်း ငါ့​လမ်း​သို့​လိုက်၍ ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​လျှင်၊ တာ​ရှည်​သော အ​သက်​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ရှော​လ​မုန်​သည် နိုး၍ အိပ်​မက်​ဖြစ်​မှန်း​ကို​သိ၏။ တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ ရပ်​လျက်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍ ကျွန်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​ကို စီ​ရင်​တော်​မူ၏။ ထို​အ​ခါ ပြည့်​တန်​ဆာ​မိန်း​မ​နှစ်​ယောက်​သည်​လာ၍ ရှေ့​တော်၌​ရပ်​လျက်၊ မိန်း​မ​တစ်​ယောက်​က အို​အ​ရှင်၊ ကျွန်​တော်​မ​နှင့် ဤ​မိန်း​မ​သည် တစ်​အိမ်​တည်း​နေ​ကြ​ပါ၏။ တစ်​အိမ်​တည်း​နေ​လျက် ကျွန်​တော်​မ​သည် သား​မျက်​နှာ​ကို မြင်​ပါ၏။ သုံး​ရက်​လွန်​မှ တစ်​ဖန် ဤ​မိန်း​မ​သည် သား​မျက်​နှာ​ကို​မြင်​ပါ၏။ ထို​အိမ်၌ အ​ဘယ်​ဧည့်​သည်​မျှ​မ​ရှိ။ သူ​နှင့် ကျွန်​တော်​မ​နှစ်​ယောက်​တည်း​သာ ရှိ​ပါ၏။ ဤ​မိန်း​မ​သည် ည​အ​ခါ မိ​မိ​သား​ငယ်​ကို ဖိ၍​အိပ်​မိ​သော​ကြောင့် သား​ငယ်​သေ​ပါ၏။ သန်း​ခေါင်​ယံ၌ သူ​သည်​ထ၍ ကျွန်​တော်​မ​အိပ်​ပျော်​စဉ်​အ​ခါ ကျွန်​တော်​မ​သား​ငယ်​ကို​ယူ၍ မိ​မိ​ရင်​ခွင်၌ ထား​ပါ၏။ သူ၏​သား​ငယ်​အ​သေ​ကောင်​ကို​မူ​ကား၊ ကျွန်​မ၏​ရင်​ခွင်၌ ထား​ပါ၏။ နံ​နက်​အ​ချိန်၌ ကျွန်​တော်​မ​သည် သား​ငယ်​ကို နို့​တိုက်​မည်​ထ​သော​အ​ခါ၊ သား​ငယ်​သည် သေ​လျက်​ရှိ​ပါ၏။ သို့​ရာ​တွင် ကျွန်​တော်​မ​သည် သေ​သော​သူ​ငယ်​ကို​စေ့​စေ့​ကြည့်​ရှု​သော​အ​ခါ၊ ကျွန်​တော်​မ ဖွား​မြင်​သော​သား​မ​ဟုတ်​ပါ​ဟု လျှောက်၏။ အ​ခြား​သော မိန်း​မ​က​လည်း မ​ဟုတ်​ဘူး။ အ​သက်​ရှင်​သော သူ​ငယ်​သည် ငါ့​သား၊ သေ​သော​သူ​ငယ်​သည် သင်၏​သား​ဖြစ်၏​ဟု ငြင်း​လေ၏။ အ​ရင်​မိန်း​မ​က​လည်း ထို​သို့​မ​ဟုတ်။ သေ​သော​သူ​ငယ်​သည် သင်၏​သား၊ အ​သက်​ရှင်​သော​သူ​ငယ်​သည် ငါ့​သား​ဖြစ်၏​ဟု ဆို​လေ၏။ ထို​သို့​ရှေ့​တော်၌ လျှောက်​ဆို​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ မိန်း​မ​တစ်​ယောက်​က အ​သက်​ရှင်​သော သူ​ငယ်​သည် ငါ့​သား၊ သေ​သော​သူ​ငယ်​သည် သင်၏​သား​ဖြစ်၏​ဟု​ဆို​လျက်၊ တစ်​ယောက်​က ထို​သို့​မ​ဟုတ်။ သင်၏​သား​သေ​ပြီ။ ငါ့​သား​အ​သက်​ရှင်​သည်​ဟု ဆို​သည်​ဖြစ်၍၊ ဓား​ယူ​ခဲ့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဓား​ကို ရှေ့​တော်​သို့​ယူ​ခဲ့​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို​ခွဲ၍ ထို​မိန်း​မ​တို့​အား တစ်​ယောက်​တစ်​ဝက်​စီ​ပေး​လော့​ဟု မိန့်​တော်​မူ​သော်၊ အ​သက်​ရှင်​သော​သူ​ငယ်၏​အ​မိ​သည် မိ​မိ​သား​ကို​အ​လွန်​သ​နား၍၊ အို​အ​ရှင်၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို မ​သတ်​ပါ​နှင့်။ ဤ​မိန်း​မ​အား ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။ အ​ခြား​မိန်း​မ​က ငါ​မ​ပိုင်​စေ​နှင့်။ သင်​လည်း မ​ပိုင်​စေ​နှင့်။ ခွဲ​ပါ​လေ​စေ​ဟု ဆို၏။ ထို​အ​ခါ​ရှင်​ဘု​ရင်​က၊ အ​သက်​ရှင်​သော သူ​ငယ်​ကို​မ​သတ်​နှင့်။ အ​ရင်​မိန်း​မ​အား ပေး​လော့။ သူ​သည် အ​မိ​မှန်​သည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ ရှင်​ဘု​ရင်​စီ​ရင်​တော်​မူ​သည်​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဉာဏ်​နှင့် ရှင်​ဘု​ရင်​ပြည့်​စုံ​ကြောင်း​ကို သိ​မြင်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ၏။