YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:9-16

၃ ဓမ္မရာဇဝင် 19:9-16 JBMLE

ဥ​မင်​ထဲ​သို့ ဝင်၍​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဧ​လိ​ယ၊ သင်​သည် ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။ နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။ မြေ​လှုပ်​ခြင်း​နောက်​မှာ မီး​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မီး၌​လည်း ရှိ​တော်​မ​မူ၊ မီး​နောက်​မှာ ဖြည်း​ညင်း​သော​အ​သံ ရှိ၏။ ထို​အ​သံ​ကို ဧ​လိ​ယ​သည်​ကြား​လျှင်၊ မျက်​နှာ​ကို ဝတ်​လုံ​နှင့်​ဖုံး​အုပ်​လျက်​ထွက်၍ ဥ​မင်​ဝ၌​ရပ်​နေ၏။ ထို​အ​ခါ ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု အ​သံ​လာ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဒ​မာ​သက်​တော​သို့​ပြန်၍ ခ​ရီး​သွား​လော့။ ရောက်​သော​အ​ခါ ဟာ​ဇေ​လ​ကို ရှု​ရိ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။