YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:1-18

၃ ဓမ္မရာဇဝင် 19:1-18 JBMLE

ဧ​လိ​ယ​ပြု​သော​အ​မှု​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သော​အ​မှု​ကို၊ အာ​ဟပ်​သည် ယေ​ဇ​ဗေ​လ​အား အ​ကုန်​အ​စင်​ကြား​ပြော၏။ ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။ ထို​အ​ခါ ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့်၊ ထ၍ အ​သက်​လွတ်​အောင် ယု​ဒ​ခ​ရိုင်​ဗေ​ရ​ရှေ​ဘ​မြို့​သို့ သွား၏။ ထို​မြို့၌ ကျွန်​ကို​ထား​ခဲ့၍၊ သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​မှာ အိပ်​ပျော်၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​က၊ ထ၍​စား​လော့​ဟု သူ့​ကို​တို့​လျက်​ဆို၏။ ဧ​လိ​ယ​သည် မျှော်​ကြည့်​သော​အ​ခါ၊ မီး​နှင့်​ဖုတ်​သော​မုန့်​ပြား​နှင့် ခေါင်း​ရင်း၌ ရေ​ဘူး​ရှိ​သည်​ကို​မြင်၍ စား​သောက်​ပြီး​မှ တစ်​ဖန်​အိပ်​ပျော်၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒု​တိ​ယ​အ​ကြိမ်​လာ၍ သူ့​ကို​တို့​လျက်၊ သွား​ရ​မည့်​ခ​ရီး​သည် အ​လွန်​ဝေး​သော​ကြောင့်၊ ထ၍ စား​ဦး​လော့​ဟု​ဆို​သည် အ​တိုင်း၊ ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊ ဥ​မင်​ထဲ​သို့ ဝင်၍​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဧ​လိ​ယ၊ သင်​သည် ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။ နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။ မြေ​လှုပ်​ခြင်း​နောက်​မှာ မီး​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မီး၌​လည်း ရှိ​တော်​မ​မူ၊ မီး​နောက်​မှာ ဖြည်း​ညင်း​သော​အ​သံ ရှိ၏။ ထို​အ​သံ​ကို ဧ​လိ​ယ​သည်​ကြား​လျှင်၊ မျက်​နှာ​ကို ဝတ်​လုံ​နှင့်​ဖုံး​အုပ်​လျက်​ထွက်၍ ဥ​မင်​ဝ၌​ရပ်​နေ၏။ ထို​အ​ခါ ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု အ​သံ​လာ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဒ​မာ​သက်​တော​သို့​ပြန်၍ ခ​ရီး​သွား​လော့။ ရောက်​သော​အ​ခါ ဟာ​ဇေ​လ​ကို ရှု​ရိ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ သို့​ဖြစ်၍ ဟာ​ဇေ​လ​ဓား​နှင့် လွတ်​သော​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​ဓား​နှင့် လွတ်​သော​သူ​ကို ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။ သို့​ရာ​တွင် ဗာ​လ​ရှေ့၌ ဒူး​ထောက်​ခြင်း၊ နမ်း​ခြင်း​ကို မ​ပြု​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ အ​မျိုး​သား​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။