YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 19:1-18

၃ ဓမ္မရာဇဝင် 19:1-18 Judson Bible (JBMLE)

ဧ​လိ​ယ​ပြု​သော​အ​မှု​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သော​အ​မှု​ကို၊ အာ​ဟပ်​သည် ယေ​ဇ​ဗေ​လ​အား အ​ကုန်​အ​စင်​ကြား​ပြော၏။ ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။ ထို​အ​ခါ ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့်၊ ထ၍ အ​သက်​လွတ်​အောင် ယု​ဒ​ခ​ရိုင်​ဗေ​ရ​ရှေ​ဘ​မြို့​သို့ သွား၏။ ထို​မြို့၌ ကျွန်​ကို​ထား​ခဲ့၍၊ သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​မှာ အိပ်​ပျော်၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​က၊ ထ၍​စား​လော့​ဟု သူ့​ကို​တို့​လျက်​ဆို၏။ ဧ​လိ​ယ​သည် မျှော်​ကြည့်​သော​အ​ခါ၊ မီး​နှင့်​ဖုတ်​သော​မုန့်​ပြား​နှင့် ခေါင်း​ရင်း၌ ရေ​ဘူး​ရှိ​သည်​ကို​မြင်၍ စား​သောက်​ပြီး​မှ တစ်​ဖန်​အိပ်​ပျော်၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒု​တိ​ယ​အ​ကြိမ်​လာ၍ သူ့​ကို​တို့​လျက်၊ သွား​ရ​မည့်​ခ​ရီး​သည် အ​လွန်​ဝေး​သော​ကြောင့်၊ ထ၍ စား​ဦး​လော့​ဟု​ဆို​သည် အ​တိုင်း၊ ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊ ဥ​မင်​ထဲ​သို့ ဝင်၍​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဧ​လိ​ယ၊ သင်​သည် ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။ နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။ မြေ​လှုပ်​ခြင်း​နောက်​မှာ မီး​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မီး၌​လည်း ရှိ​တော်​မ​မူ၊ မီး​နောက်​မှာ ဖြည်း​ညင်း​သော​အ​သံ ရှိ၏။ ထို​အ​သံ​ကို ဧ​လိ​ယ​သည်​ကြား​လျှင်၊ မျက်​နှာ​ကို ဝတ်​လုံ​နှင့်​ဖုံး​အုပ်​လျက်​ထွက်၍ ဥ​မင်​ဝ၌​ရပ်​နေ၏။ ထို​အ​ခါ ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု အ​သံ​လာ၏။ ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဒ​မာ​သက်​တော​သို့​ပြန်၍ ခ​ရီး​သွား​လော့။ ရောက်​သော​အ​ခါ ဟာ​ဇေ​လ​ကို ရှု​ရိ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ သို့​ဖြစ်၍ ဟာ​ဇေ​လ​ဓား​နှင့် လွတ်​သော​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​ဓား​နှင့် လွတ်​သော​သူ​ကို ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။ သို့​ရာ​တွင် ဗာ​လ​ရှေ့၌ ဒူး​ထောက်​ခြင်း၊ နမ်း​ခြင်း​ကို မ​ပြု​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ အ​မျိုး​သား​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။

၃ ဓမ္မရာဇဝင် 19:1-18 Common Language Bible (BCL)

အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။- ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။- ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊- တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။ သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။- ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။- ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။- ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။- သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။- မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။ ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။ ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။- နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။- ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။- သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

၃ ဓမ္မရာဇဝင် 19:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဟပ်​မင်းကြီး​သည် ဧလိယ​ပြု​ခဲ့​သော​အကြောင်းအရာ​အလုံးစုံ​နှင့် ပရောဖက်​အားလုံး​ကို ဓား​နှင့်​ကွပ်မျက်​ခဲ့​ပုံ​အလုံးစုံ​တို့​ကို ယေဇဗေလ​အား ပြောပြ​သောအခါ ယေဇဗေလ​သည် ဧလိယ​ထံ တမန်​ကို​စေလွှတ်​၍ “​မနက်ဖြန် ယခု​လို​အချိန်​တွင် သင့်​အသက်​ကို ထို​ပရောဖက်​တို့​၏​အသက်​ကဲ့သို့ မ​ဖြစ်​စေ​လျှင် ဘုရား​အများ​တို့​သည် ငါ့​ကို ထိုထက်မက ပြု​ပါစေသော​”​ဟု ဆို​စေ​၏​။ ထိုအခါ ဧလိယ​သည် ကြောက်​သဖြင့် အသက်ဘေး​လွတ်​အောင် ထ​ပြေး​ရာ ယုဒ​ပြည်​၊ ဗေရရှေဘ​မြို့​သို့ ရောက်သွား​လေ​၏​။ ထို​မြို့​တွင် မိမိ​ငယ်သား​ကို ထားခဲ့​၍ တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။ ထို့နောက် သူ​သည် ထို​ရှားပင်​အောက်​တွင် လဲလျောင်း​၍​အိပ်ပျော်​သွား​လေ​၏​။ ထိုစဉ် ကောင်းကင်တမန်​တစ်​ပါး​က သူ့​ကို​တို့​ပြီး “​ထ​၍ စား​ပါ​”​ဟု ဆို​၏​။ သူ​ကြည့်လိုက်​သောအခါ ခေါင်းရင်း​နား​တွင် ကင်​ထား​သော​မုန့်​တစ်​ချပ်​နှင့် ရေဘူး​တစ်​ဘူး​ကို တွေ့​၏​။ သူ​သည် စား​သောက်​ပြီး ပြန်၍​အိပ်ပျော်​သွား​လေ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဒုတိယအကြိမ်​လာ​၍ သူ့​ကို​တို့​ပြီးလျှင် “​ထ​၍ စား​ပါ​။ သင်​သွား​ရ​မည့်​ခရီး​မှာ ဝေး​လှ​၏​”​ဟု ဆို​၏​။ ထို့ကြောင့် သူ​သည် ထ​၍​စား​သောက်​၏​။ ထို​အစားအစာ​ကြောင့် အားပြည့်​လာ​ပြီး ဟောရပ်​ဟူသော​ဘုရားသခင်​၏​တောင်​သို့ ရက်​လေးဆယ်​ပတ်လုံး​ခရီးဆက်​၍ ထို​နေရာ​ရှိ​လိုဏ်ဂူ​တစ်​ခု​ထဲသို့​ဝင်​၍ ညအိပ်​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မိန့်ဆို​၏​။ ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ကိုယ်တော်​က “​တောင်​ပေါ်သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​နေ​လော့​”​ဟု သူ့​အား မိန့်​တော်မူ​၏​။ ထာဝရဘုရား​ဖြတ်လျှောက်​တော်မူ​လျှင် ပြင်းထန်​သော​လေ​အဟုန်​ကြောင့် တောင်​များ​အက်ကွဲ​ကုန်​၏​။ ထာဝရဘုရား​ရှေ့မှောက်​တွင် ကျောက်​များ​ကျိုးပဲ့​ကုန်​၏​။ သို့သော် ထာဝရဘုရား​သည် လေ​ထဲ၌ ရှိ​တော်​မ​မူ​။ လေတိုက်​ပြီးမှ ငလျင်လှုပ်​၏​။ သို့သော် ထာဝရဘုရား​သည် ငလျင်​ထဲတွင်​လည်း ရှိ​တော်​မ​မူ​။ ငလျင်လှုပ်​ပြီးနောက် မီးလောင်​၏​။ သို့သော် ထာဝရဘုရား​သည် မီး​ထဲတွင် ရှိ​တော်​မ​မူ​။ မီးလောင်​ပြီးနောက် ဖြည်းညင်း​သာယာ​သော​အသံ ထွက်လာ​၏​။ ဧလိယ​သည် ထို​အသံ​ကို​ကြား​လျှင် မိမိ​မျက်နှာ​ကို ဝတ်လုံ​နှင့်​အုပ်​ပြီး တောင်ထိပ်​လိုဏ်ဂူ​ဝ​တွင် ထွက်​ရပ်​နေ​၏​။ ထိုအခါ အသံ​တော်​က “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မေး​၏​။ ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​သင်​လာ​သည့်​လမ်း​အတိုင်း ဒမတ်စကပ်​တောကန္တာရ​သို့ ပြန်သွား​လော့​။ ရောက်​လျှင် ဟာဇေလ​ကို ဆီးရီးယား​ဘုရင်​အဖြစ်​၊ နိမ်ရှိ​၏​သား​ယေဟု​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်ပေး​လော့​။ အာဗေလမဟောလ​မြို့​ရှိ ရှာဖတ်​၏​သား​ဧလိရှဲ​ကို သင့်​ကိုယ်စား ပရောဖက်​အဖြစ် ဘိသိက်ပေး​လော့​။ ဟာဇေလ​၏​ဓားဘေး​မှ လွတ်မြောက်​သွား​သော​သူ​ကို ယေဟု​သတ်​လိမ့်မည်​။ ယေဟု​၏​ဓားဘေး​မှ လွတ်မြောက်​သွား​သော​သူ​ကို ဧလိရှဲ​သတ်​လိမ့်မည်​။ အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။