YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 16

16
1ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍၊ ဟာ​နန်၏​သား​ယေ​ဟု​သို့ ရောက်​လာ​သည်​ကား၊ 2သင့်​ကို မြေ​မှုန့်​ထဲ​က​ငါ​ကြွ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ချီး​မြှောက်​သော်​လည်း၊ သင်​သည် ယေ​ရော​ဗောင်၏​လမ်း​သို့​လိုက်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​စေ​ခြင်း​ငှာ ပြု​သော​ကြောင့်၊ 3သင်၏​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​ကို ငါ​ပယ်​ရှား၍၊ သင်၏​အ​မျိုး​ကို နေ​ဗတ်၏​သား​ယေ​ရော​ဗောင်၏ အ​မျိုး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ 4ဗာ​ရှာ၏​အ​မျိုး​သား​သည် မြို့​ထဲ​မှာ​သေ​လျှင်၊ အ​သေ​ကောင်​ကို ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက်​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 5ဗာ​ရှာ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​နှင့် သူ၏​တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 6ဗာ​ရှာ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ တိ​ရ​ဇ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ဧ​လာ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 7ဗာ​ရှာ​သည် ယေ​ရော​ဗောင်​အ​မျိုး​နှင့်​တူ၍ ထို​အ​မျိုး​ကို လုပ်​ကြံ​သော​အ​ပြစ်၊ မိ​မိ​ပြု​မူ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရှေ့​တော်၌ ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍၊ ဟာ​နန်၏​သား​ယေ​ဟု​အား​ဖြင့် ရောက်​လာ​သည်​နှင့်​အ​ညီ၊
ဣ​သ​ရေ​လ​ဘု​ရင်​ဧ​လာ
8ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​နှစ်​ဆယ်​ခြောက်​နှစ်​တွင်၊ ဗာ​ရှာ​သား​ဧ​လာ​သည် တိ​ရ​ဇ​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ​သည်​ရှိ​သော်၊ 9ရ​ထား​စီး​သူ​ရဲ တစ်​ဝက်​ကို​အုပ်​သော​သူ၊ မိ​မိ​ကျွန်​ဇိ​မ​ရိ​သည်​သင်း​ဖွဲ့၍၊ ဧ​လာ​သည် တိ​ရ​ဇ​မြို့​တွင် နန်း​တော်​အုပ်​အာ​ဇ၏​အိမ်၌ ယစ်​မူး​အောင် သောက်​လျက်​နေ​စဉ်​အ​ခါ၊ 10ဇိ​မ​ရိ​သည်​ဝင်၍ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​နန်း​စံ နှစ်​ဆယ်​ခု​နစ်​နှစ်​တွင်၊ ဧ​လာ​ကို​သေ​စေ​ခြင်း​ငှာ လုပ်​ကြံ၍ နန်း​ထိုင်​လေ၏။ 11နန်း​ထိုင်​စ​က၊ ဗာ​ရှာ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သတ်၏။ ဗာ​ရှာ​နှင့် ပေါက်​ဖော်​တော်​သော​ယောက်ျား၊ အ​ဆွေ​ဖွဲ့​သော ယောက်ျား​တစ်​ယောက်​ကို​မျှ မ​ချန်​မ​ထား။ 12ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍ ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​နှင့်​အ​ညီ၊ ဇိ​မ​ရိ​သည် ဗာ​ရှာ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ဖျက်​ဆီး၏။ 13အ​ကြောင်း​မူ​ကား၊ ဗာ​ရှာ​နှင့် သား​ဧ​လာ​တို့​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ပြစ်​မှား​စေ​သော အ​ပြစ်​အား​ဖြင့်​လည်း​ကောင်း၊ မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။ 14ဧ​လာ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။
ဣ​သ​ရေ​လ​ဘု​ရင်​ဇိ​မ​ရိ
15ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​နှစ်​ဆယ်​ခု​နစ်​နှစ်​တွင်၊ ဇိ​မ​ရိ​သည် တိ​ရ​ဇ​မြို့၌​ခု​နစ်​ရက်​စိုး​စံ၏။ 16ထို​သို့ ဇိ​မ​ရိ​သည် သင်း​ဖွဲ့၍ ရှင်​ဘု​ရင်​ကို​သတ်​သည်​ဟု ဖိ​လိ​တ္တိ​ပြည်​ဂိ​ဗေ​သုန်​မြို့​ရှေ့​မှာ တပ်​ချ​သော​သူ​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​လျှင်၊ ထို​နေ့​ချင်း​တွင် ဗိုလ်​ချုပ်​မင်း​ဩ​မ​ရိ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ တပ်​ထဲ​မှာ​ချီး​မြှောက်​ကြ၏။ 17ဩ​မ​ရိ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​ဗေ​သုန်​မြို့​မှ​ထွက်၍၊ တိ​ရ​ဇ​မြို့​ကို ဝိုင်း​ထား​ကြ၏။ 18မြို့​ကို​တိုက်၍​ရ​မည်​ဟု ဇိ​မ​ရိ​သည် သိ​သော​အ​ခါ၊ နန်း​တော်​ထဲ​သို့​ဝင်၍ မိ​မိ​အ​ပေါ်​မှာ နန်း​တော်​ကို​မီး​ရှို့​သ​ဖြင့် ကိုယ်​တိုင်​သေ​လေ၏။ 19အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော လမ်း​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​အ​ကြောင်း​တည်း။ 20ဇိ​မ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​သ​မျှ​တို့​နှင့် ပုန်​ကန်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။
ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ
21ထို​အ​ခါ ပြည်​သား​တို့​သည်​ကွဲ​ပြား၍၊ အ​ချို့​တို့​သည် ဂိ​နတ်၏​သား​တိ​ဗ​နိ​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ သူ့​နောက်​သို့​လိုက်​ကြ၏။ အ​ချို့​တို့​သည် ဩ​မ​ရိ​နောက်​သို့​လိုက်​ကြ၏။ 22ဩ​မ​ရိ​နောက်​သို့​လိုက်​သော သူ​တို့​သည် ဂိ​နတ်၏​သား​တိ​ဗ​နိ​နောက်​သို့ လိုက်​သော​သူ​တို့​ကို နိုင်​သ​ဖြင့်၊ တိ​ဗ​နိ​သေ၍ ဩ​မ​ရိ​သည် နန်း​ထိုင်​လေ၏။ 23ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​သုံး​ဆယ်​တစ်​နှစ်​တွင်၊ ဩ​မ​ရိ​သည် နန်း​ထိုင်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို တစ်​ဆယ်​နှစ်​နှစ်​စိုး​စံ၏။ တိ​ရ​ဇ​မြို့၌ ခြောက်​နှစ်​စိုး​စံ​ပြီး​မှ၊ 24ရှ​မာ​ရိ​တောင်​ကို တောင်​ရှင်​ရှ​မေ​ရ၌ ငွေ​အ​ခွက်​နှစ်​ဆယ်​နှင့်​ဝယ်၍ တောင်​ပေါ်​မှာ မြို့​ကို​တည်၏။ ထို​မြို့​ကို တောင်​ရှင်​ရှ​မေ​ရ​အ​မည်​ကို အ​စွဲ​ပြု​သ​ဖြင့်၊ ရှ​မာ​ရိ​မြို့​ဟူ၍​သ​မုတ်​လေ၏။ 25ဩ​မ​ရိ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​သ​ဖြင့်၊ မိ​မိ​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​ထက် သာ၍​ဆိုး​ညစ်၏။ 26နေ​ဗတ်၏​သား ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ပြစ်​မှား​စေ​သော​ဒု​စ​ရိုက်​အ​ပြစ်​လမ်း​သို့ လိုက်​လေ၏။ 27ဩ​မ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 28ဩ​မ​ရိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်
29ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​သုံး​ဆယ်​ရှစ်​နှစ်​တွင်၊ ဩ​မ​ရိ​သား​အာ​ဟပ်​သည် ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​နှစ်​နှစ် စိုး​စံ၏။ 30ဩ​မ​ရိ​သား​အာ​ဟပ်​သည် မိ​မိ​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သာ၍ ဒု​စ​ရိုက်​ကို​ပြု၏။ 31နေ​ဗတ်၏​သား ယေ​ရော​ဗောင်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​လမ်း​သို့​သာ​လိုက်​လျှင်၊ သာ​မ​ည​အ​ပြစ်​ရောက်​မည်​ဟု ထင်​မှတ်​လျက်၊ ဇိ​ဒုန်​မင်း​ကြီး ဧ​သ​ဗာ​လ​သ​မီး ယေ​ဇ​ဗေ​လ​နှင့်​စုံ​ဖက်၍၊ ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်၏။ 32ရှ​မာ​ရိ​မြို့​တွင် ဗာ​လ​ဘု​ရား၏​ဗိ​မာန်၌ ဗာ​လ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၏။ 33အာ​ရှ​ရ​ပင်​ကို​လည်း​ပြု​စု၍၊ မိ​မိ​ရှေ့​မှာ​ဖြစ်​ဖူး​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ထက် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ​သာ၍​ပြု၏။ 34အာ​ဟပ်​လက်​ထပ်၌ ဗေ​သ​လ​မြို့​သား​ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် နုန်၏​သား​ယော​ရှု​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​နှင့်​အ​ညီ၊ သား​ဦး​အ​ဘိ​ရံ​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍၊ သား​ထွေး​စေ​ရပ်​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်၏။#ယော​ရှု၊ ၆: ၂၆။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။