YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 15:25-31

၃ ဓမ္မရာဇဝင် 15:25-31 JBMLE

ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​နှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား နာ​ဒဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ၌ မင်း​ပြု၍ နှစ်​နှစ်​စိုး​စံ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ခ​မည်း​တော်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။ ဣ​သ​ခါ​အ​မျိုး၊ အ​ဟိ​ယ​သား​ဗာ​ရှာ​သည် သင်း​ဖွဲ့၍၊ နာ​ဒဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဖိ​လိ​တ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို ဝိုင်း​ထား​ကြ​စဉ်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ရှာ​သည် နာ​ဒဒ်​မင်း​ကို​လုပ်​ကြံ၍ နန်း​ထိုင်​လေ၏။ နန်း​ထိုင်​သော​အ​ခါ ယေ​ရော​ဗောင်​အ​မျိုး​ရှိ​သ​မျှ​ကို​လည်း လုပ်​ကြံ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျွန်၊ ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယေ​ရော​ဗောင်​အ​မျိုး​ကို မ​ဖျက်​မီ​တိုင်​အောင်၊ အ​သက်​ရှူ​သော​သူ တစ်​ယောက်​ကို​မျှ မ​ချန်​မ​ထား။ အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော​အ​ပြစ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။ နာ​ဒဒ်​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။