YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 15:16-24

၃ ဓမ္မရာဇဝင် 15:16-24 JBMLE

အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ ရာ​မ​မြို့​ကို​တည်၏။ ထို​အ​ခါ ကျန်​ကြွင်း​သော ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို အာ​သ​သည်​ယူ၍ မိ​မိ​ကျွန်​တို့၌​အပ်​သ​ဖြင့်၊ ဒ​မာ​သက်​မြို့​မှာ​နေ​သော ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇုန်​သား တာ​ဗ​ရိ​မုန်၏​သား ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊ ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​လက်​ဆောင်​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍​လာ​ပါ​ဟု မှာ​လိုက်​လေ၏။ အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။ ထို​သ​တင်း​ကို ဗာ​ရှာ​သည် ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ တိ​ရ​ဇ​မြို့၌ နေ​ရ၏။ ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မိန့်​တော်​ကို ကြော်​ငြာ​စေ​သ​ဖြင့်၊ ပြည်​သား​တစ်​ယောက်​မျှ​မ​လွတ်၊ ရှိ​သ​မျှ​တို့​သည် ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား​ကြ၍၊ အာ​သ​မင်း​ကြီး​သည် ဗင်္ယာ​မိန်​ခ​ရိုင်၌​ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို​တည်၏။ အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​နှင့် တန်​ခိုး​ကြီး​ခြင်း၊ မြို့​များ​ကို​တည်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သို့​ရာ​တွင် အ​သက်​ကြီး​သော​အ​ခါ ခြေ​တော်၌​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊ ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ အ​ဘီ​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယော​ရှ​ဖတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။