YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 11:1-4

၃ ဓမ္မရာဇဝင် 11:1-4 JBMLE

ရှော​လ​မုန်​မင်း​ကြီး​သည် ဖာ​ရော​ဘု​ရင်၏​သ​မီး​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​မ​ဟုတ်​သော မော​ဘ​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ ဧ​ဒုံ​အ​မျိုး၊ ဇိ​ဒုန်​အ​မျိုး၊ ဟိ​တ္တိ​အ​မျိုး​သား မိန်း​မ​အ​များ​တို့​ကို​ချစ်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။ မင်း​သ​မီး​ဖြစ်​သော ခင်​ပွန်း​ခု​နစ်​ရာ၊ မောင်း​မ​မိဿံ​သုံး​ရာ​ရှိ၍၊ သူ​တို့​သည် စိတ်​နှ​လုံး​တော်​ကို​လွဲ​စေ​ကြ၏။ ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။