YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 10:1-13

၃ ဓမ္မရာဇဝင် 10:1-13 JBMLE

ရှေ​ဘ​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ဂုဏ်​အ​သ​ရေ​နှင့် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ​လာ၏။ နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ဝင်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။ သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​မင်း​ကြီး​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊ စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ကိုယ်​တော်၏​အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား​မှန်​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တိုင်​ရောက်၍​မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ အ​ရင်​ကြား​သော​စ​ကား​သည် တစ်​ဝက်​ကို​မျှ​မ​မီ။ ကိုယ်​တော်၏​ပ​ညာ​နှင့် ကိုယ်​တော်၏​စည်း​စိမ်​သည် အ​ကျွန်ုပ်​ကြား​ရ​သော​သ​တင်း​ကို လွန်​ကဲ​ပါ၏။ ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။ ကိုယ်​တော်​ကို​နှစ်​သက်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စဉ်​ချစ်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား​ပြော​ဆို၍၊ ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်၊ နံ့​သာ​မျိုး​အ​များ၊ ကျောက်​မြတ်​တို့​ကို ဆက်​လေ၏။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး​အား ဆက်​သော နံ့​သာ​မျိုး​နှင့်​အ​မျှ များ​ပြား​သော​နံ့​သာ​မျိုး​သည် နောက်​တစ်​ဖန်​မ​ရောက်။ ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​သင်္ဘော​တို့​သည် အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။ ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော်​ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​တို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် နောက်​တစ်​ဖန်​မ​ရောက်၊ ယ​နေ့​တိုင်​အောင် မ​ပေါ်​လာ။ ရှော​လ​မုန်​မင်း​ကြီး​သည် အ​လို​လို​ပေး​သော လက်​ဆောင်​မှ​တစ်​ပါး၊ ရှေ​ဘ​မိ​ဖု​ရား၏​အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့ ပြန်​သွား​လေ၏။