YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:13-21

၁ ရှင်ယောဟန် 4:13-21 JBMLE

ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။- လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။ ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။- ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။- ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။- တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။- ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ကို ငါ​တို့​သည် ခ​ရစ်​တော်​ထံ၌ ခံ​ရ​ကြ​ပြီ။

​၁ ရှင်ယောဟန် 4:13-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။