YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:4-10

၁ ရှင်ယောဟန် 3:4-10 JBMLE

ဒု​စ​ရိုက်​ကို ပြု​သော​သူ​မည်​သည်​ကား၊ ပ​ညတ်​တော်​ကို လွန်​ကျူး၏။ ဒု​စ​ရိုက်​သည်​ကား ပ​ညတ်​တော်​ကို လွန်​ကျူး​ခြင်း​ဖြစ်​သ​တည်း။- ကိုယ်​တော်​သည် ငါ​တို့၏​အ​ပြစ်​များ​ကို ဆောင်​သွား​ခြင်း​ငှာ ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​ကို သင်​တို့ သိ​ကြ၏။ ကိုယ်​တော်၌​လည်း အ​ပြစ်​မ​ရှိ။- ကိုယ်​တော်၌​တည်​နေ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို မ​ပြု​တတ်၊ ဒု​စ​ရိုက်​ကို ပြု​တတ်​သော​သူ မည်​သည်​ကား၊ ကိုယ်​တော်​ကို​မ​သိ မ​မြင်​ရ​သေး။- ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။- မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။- ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။- ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။