YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:4-10

၁ ရှင်ယောဟန် 3:4-10 Judson Bible (JBMLE)

ဒု​စ​ရိုက်​ကို ပြု​သော​သူ​မည်​သည်​ကား၊ ပ​ညတ်​တော်​ကို လွန်​ကျူး၏။ ဒု​စ​ရိုက်​သည်​ကား ပ​ညတ်​တော်​ကို လွန်​ကျူး​ခြင်း​ဖြစ်​သ​တည်း။- ကိုယ်​တော်​သည် ငါ​တို့၏​အ​ပြစ်​များ​ကို ဆောင်​သွား​ခြင်း​ငှာ ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​ကို သင်​တို့ သိ​ကြ၏။ ကိုယ်​တော်၌​လည်း အ​ပြစ်​မ​ရှိ။- ကိုယ်​တော်၌​တည်​နေ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို မ​ပြု​တတ်၊ ဒု​စ​ရိုက်​ကို ပြု​တတ်​သော​သူ မည်​သည်​ကား၊ ကိုယ်​တော်​ကို​မ​သိ မ​မြင်​ရ​သေး။- ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။- မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။- ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။- ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

၁ ရှင်ယောဟန် 3:4-10 Common Language Bible (BCL)

အ​ပြစ်​ကူး​ခြင်း​သည်​ပ​ညတ်​တော်​ကို​ချိုး ဖောက်​ခြင်း​ဖြစ်​သ​ဖြင့် အ​ပြစ်​ကူး​သူ​မှန် သ​မျှ​သည်​ပညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။- ခ​ရစ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ ကိုယ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​သူ သည်​အ​ပြစ်​မ​ကူး​တတ်။ အ​ပြစ်​ကူး​တတ်​သူ မူ​ကား​ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဘူး​သူ ဖြစ်​၏။ သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။- အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။- ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။

၁ ရှင်ယောဟန် 3:4-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တရားမဲ့​သော​အမှု​ကို​လည်း​ပြု​၏။ အပြစ်​သည် တရားမဲ့​ခြင်း​ဖြစ်​၏။ ကိုယ်တော်​သည် အပြစ်​များ​ကို​ယူဆောင်​သွား​ရန် ပေါ်ထွန်း​တော်မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်တော်​၌​ကား မည်သည့်​အပြစ်​မျှ​မ​ရှိ။ ကိုယ်တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။ သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။ အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ မည်သူ​၌​မဆို ဘုရားသခင်​၏​မျိုးစေ့​တည်​နေ​သည်​ဖြစ်၍ ထို​သူ​သည် အပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သောကြောင့် အပြစ်​ကို​ဆက်၍​မ​ပြု​နိုင်။ ဖြောင့်မတ်​ခြင်း​တရား​ကို​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ မိမိ​ညီအစ်ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​နှင့် မာရ်နတ်​၏​သားသမီး​များ​ကို ခွဲခြား​သိရှိ​နိုင်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။