YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:11-18

၁ ရှင်ယောဟန် 3:11-18 JBMLE

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။ ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။- ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။- ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။- အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။ ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။