YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7:12-16

၁ ကောရိန္သု 7:12-16 JBMLE

ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။- သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။- အ​ချင်း​မိန်း​မ၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်၊ မ​ကယ်​တင်​မည်​ကို အ​ဘယ်​သို့ သိ​သ​နည်း။ အ​ချင်း​ယောက်ျား၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်။ မ​ကယ်​တည်​မည်​ကို အ​ဘယ်​သို့​သိ​သ​နည်း။