YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 6:12-20

၁ ကောရိန္သု 6:12-20 JBMLE

ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ အ​ဘယ်​အ​မှု​အ​ရာ၌​မျှ ငါ​သည်​ကျွန်​မ​ခံ။- အ​စား​အ​သောက်​တို့​သည် ဝမ်း​အ​ဖို့၊ ဝမ်း​သည်​လည်း အ​စား​အ​သောက်​တို့​အ​ဖို့ ဖြစ်​သည်​မှန်​စေ​တော့။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ထို​နှစ်​ပါး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခ​န္ဓာ​သည် မ​တ​ရား​သော မေ​ထုန်​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား​အ​ဖို့ ဖြစ်၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခ​န္ဓာ​အ​ဖို့ ဖြစ်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​ကို​လည်း ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။- သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည့်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။- အ​ဘယ်​သို့​နည်း။ ပြည့်တန်​ဆာ၌ မှီ​ဝဲ​သော​သူ​သည် ထို​ပြည့်​တန်​ဆာ​နှင့် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​စာ​လာ၏။- သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။- မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။- အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။