YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 6

6
ညီ​အစ်​ကို​ချင်း​တ​ရား​တွေ့​ခြင်း
1သင်​တို့​သည် အ​ချင်း​ချင်း​အ​မှု​ရှိ​လျှင်၊ သန့်​ရှင်း​သူ​တို့​ရှေ့၌ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​ဘဲ သာ​သ​နာ​ပ​လူ​တို့​ရှေ့၌ ခံ​ဝံ့​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- 2သန့်​ရှင်း​သူ​တို့​သည် လော​ကီ​နိုင်​ငံ​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သင်​တို့​သည် လော​ကီ​နိုင်​ငံ​ကို စီ​ရင်​ရ​သည်​မှန်​လျှင်၊ အ​ငယ်​ဆုံး​သော အ​မှု​များ​ကို မ​စီ​ရင်​ထိုက်​သ​လော။- 3ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သို့​ဖြစ်၍ လော​ကီ​အ​မှု​ကို စီ​ရင်​ထိုက်​သည် မ​ဟုတ်​လော။- 4ထို​ကြောင့် သင်​တို့​သည် လော​ကီ​အ​မှု​ကို စီ​ရင်​စ​ရာ​ရှိ​လျှင်၊ အ​သင်း​တော်၌ အ​သ​ရေ​နည်း​သော​သူ​တို့​ကို တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​ကြ​လော့။- 5ထို​သို့​ဆို​သော်၊ သင်​တို့​ရှက်​စေ​ခြင်း​ငှာ ပြော​ဆို၏။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ ညီ​အစ်​ကို​ချင်း​တို့၏ အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။- 6ညီ​အစ်​ကို​ချင်း​တို့​သည် တ​ရား​တွေ့​သည် သာ​မ​က၊ မ​ယုံ​ကြည်​သော သူ​တို့​ရှေ့၌​ပင် တ​ရား​တွေ့​ပါ​သည်​တ​ကား။- 7ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။- 8ကိုယ်​ဥ​စ္စာ​ရှုံး​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။ ထို​သို့ သင်​တို့​သည် မ​ခံ​ဘဲ၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ညှဥ်း​ဆဲ၍၊ ညီ​အစ်​ကို​ချင်း​တို့၏ ဥ​စ္စာ​ကို သိမ်း​ယူ​ကြ​သည်​တ​ကား။- 9မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊- 10သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။- 11အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။
ကိုယ်​ခန္ဓာ​သည်ဘု​ရား​ဂုဏ်တော်အ​ဖို့
12ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ အ​ဘယ်​အ​မှု​အ​ရာ၌​မျှ ငါ​သည်​ကျွန်​မ​ခံ။-#၁​ကော၊ ၁၀:၂၃။ 13အ​စား​အ​သောက်​တို့​သည် ဝမ်း​အ​ဖို့၊ ဝမ်း​သည်​လည်း အ​စား​အ​သောက်​တို့​အ​ဖို့ ဖြစ်​သည်​မှန်​စေ​တော့။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ထို​နှစ်​ပါး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခ​န္ဓာ​သည် မ​တ​ရား​သော မေ​ထုန်​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား​အ​ဖို့ ဖြစ်၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခ​န္ဓာ​အ​ဖို့ ဖြစ်​တော်​မူ၏။- 14ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​ကို​လည်း ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။- 15သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည့်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။- 16အ​ဘယ်​သို့​နည်း။ ပြည့်တန်​ဆာ၌ မှီ​ဝဲ​သော​သူ​သည် ထို​ပြည့်​တန်​ဆာ​နှင့် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​စာ​လာ၏။-#က၊ ၂:၂၄။ 17သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။- 18မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။- 19အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-#၁​ကော၊ ၃:၁၆။ ၂​ကော၊ ၆:၁၆။ 20သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။