YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:18-23

၁ ကောရိန္သု 3:18-23 JBMLE

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။- အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။- တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။