YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:1-9

၁ ကောရိန္သု 3:1-9 JBMLE

ညီ​အစ်​ကို​တို့၊ အ​ထက်​က ငါ​သည် ဝိ​ညာဉ်​လူ​တို့​အား ဟော​ပြော​သ​ကဲ့​သို့ သင်​တို့​အား ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ဘဲ၊ ဇာ​တိ​ပ​က​တိ လူ​တို့​အား​လည်း​ကောင်း၊ ခ​ရစ်​တော်၌ သူ​ငယ်​က​လေး​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ရ၏။- ယ​ခု​တိုင်​အောင် သင်​တို့​သည် ခဲ​ဖွယ်​စား​ဖွယ်​ကို မ​ကြေ​နိုင်​သော​ကြောင့် ငါ​မ​ကျွေး​ရ၊ နို့​ကို​သာ တိုက်​ရ၏။ ယ​ခု​ပင်​လည်း၊ သင်​တို့​သည် မ​ကြေ​နိုင်​ကြ​သေး။- ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။- တစ်​ယောက်​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တစ်​ယောက်​က၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ အ​သီး​အ​သီး​ပြော​ကြ​လျှင်၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။- ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။