YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:17-23

၁ ကောရိန္သု 15:17-23 JBMLE

ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။- ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။