YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 14:1-40

၁ ကောရိန္သု 14:1-40 JBMLE

ချစ်​ခြင်း​မေ​တ္တာ​ကို မီ​အောင်​လိုက်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တို့​ကို အ​လွန်​အ​လို​ရှိ​သည်​တွင်၊ ပ​ရော​ဖက်​ပြု​ရ​သော အ​ခွင့်​ကို သာ၍ လို​ချင်​သော​စိတ် ရှိ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် လူ​တို့​အား​မ​ပြော၊ ဘု​ရား​သ​ခင်​အား​ပြော၏။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ နား​မ​လည်။ နက်​နဲ​သော​အ​ရာ​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော၏။- ပ​ရော​ဖက်​ပြု​သော​သူ​မူ​ကား၊ တည်​ဆောက်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ သက်​သာ​ခြင်း​အ​လို​ငှာ လူ​တို့​အား​ဟော​ပြော၏။- အ​ခြား​သော ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် ကိုယ်​ကို​သာ တည်​ဆောက်၏။ ပ​ရော​ဖက် ပြု​သော​သူ​မူ​ကား၊ အ​သင်း​တော်​ကို တည်​ဆောက်၏။- သင်​တို့​ရှိ​သ​မျှ​သည် အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ပ​ရော​ဖက်​ပြု​စေ​ခြင်း​ငှာ သာ၍​အ​လို​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​သော​သူ​သည်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ အ​နက်​ကို မ​ဖော်​မ​ပြ​လျှင်၊ သူ့​ထက် ပ​ရော​ဖက်​ပြု​သော​သူ​သည် သာ၍​မြတ်​သ​တည်း။ ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ရှိ​ရာ​သို့​လာ၍ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော်​လည်း၊ ဗျာ​ဒိတ်​တော်​ကို​ပြန်​ခြင်း၊ ပ​ညာ​အ​တတ်​ကို​သင်​ခြင်း၊ ပ​ရော​ဖက်​ပြု​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​တစ်​ခု​ခု​ကို မ​ပြု​ဘဲ​လျက်၊ သင်​တို့​အား​ပြော​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​အံ့​နည်း။- ထို​နည်း​တူ၊ အ​သံ​မြည်​တတ်​သော အ​ဝိ​ညာ​ဏ​က​စောင်း၊ ပု​လွေ​တို့​သည် သေ​ချာ​သော​အ​သံ​နှင့် မ​မြည်​လျှင်၊ စောင်း​သံ၊ ပု​လွေ​သံ​တို့​ကို အ​ဘယ်​သို့ သိ​နိုင်​မည်​နည်း။- တံ​ပိုး​ခ​ရာ​သည်​လည်း၊ မ​မှန်​သော​အ​သံ​နှင့် မြည်​လျှင်၊ အ​ဘယ်​သူ​သည် စစ်​တိုက်​ခြင်း​ငှာ မိ​မိ​ကိုယ်​ကို ပြင်​ဆင်​မည်​နည်း။- ထို​နည်း​တူ၊ သင်​တို့​သည် နား​လည်​လွယ်​သော စ​ကား​ကို နှုတ်​ဖြင့်​မ​မြွက်​လျှင်၊ မြွက်​သော​စ​ကား​ကို အ​ဘယ်​သို့​သိ​နိုင်​မည်​နည်း။ အာ​ကာ​သ​ကောင်း​ကင်​ကို ပြော​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- လူ​ပြည်၌ ဘာ​သာ​စ​ကား​မျိုး​တို့​သည် ဤ​မျှ​လောက်​များ၍၊ ရှိ​သ​မျှ​တို့​သည် အ​နက်​နှင့်​ပြည့်​စုံ​သည် မှန်​စေ​တော့။- ဘာ​သာ​စ​ကား၏​အ​နက်​ကို ငါ​နား​မ​လည်​လျှင်၊ ပြော​သော​သူ​အား ငါ​သည် လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ ပြော​သော​သူ​သည်​လည်း၊ ငါ့​အား လူ​ရိုင်း​ဖြစ်​လိမ့်​မည်။- သို့​ဖြစ်၍ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း ကြိုး​စား​ကြ​လော့။- ထို​ကြောင့် အ​ခြား​သော ဘာ​သာ​စ​ကား​ကို ပြန်​ပြော​သော​သူ​သည်၊ အ​နက်​ကို​လည်း ဖော်​ပြ​နိုင်​မည်​အ​ကြောင်း ဆု​တောင်း​စေ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ငါ​ဆု​တောင်း​လျှင်၊ ငါ့​စိတ်​နှ​လုံး ဆု​တောင်း​သော်​လည်း၊ ငါ့​ဉာဏ်​သည် အ​ကျိုး​ကို​မ​ပေး။- သို့​ဖြစ်​လျှင်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း၊ ဆု​တောင်း​ရ​မည်။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း သီ​ချင်း​ဆို​ရ​မည်။- သို့​မ​ဟုတ် သင်​သည် စိတ်​နှ​လုံး​နှင့် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​အ​ခါ၊ မ​တတ်​သော လူ​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်၏​စ​ကား​ကို နား​မ​လည်​သော​ကြောင့်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​သို့​လိုက်၍၊ အာ​မင်​ဟု အ​ဘယ်​သို့ ဝန်​ခံ​နိုင်​မည်​နည်း။- သင်​သည် ကျေး​ဇူး​တော်​ကို ကောင်း​မွန်​စွာ​ချီး​မွမ်း​သည် မှန်​စေ​တော့။ အ​ခြား​သော​သူ​မူ​ကား၊ တည်​ဆောက်​ခြင်း​အ​ကျိုး​မ​ရှိ။- ငါ​သည် သင်​တို့​ရှိ​သ​မျှ​ထက်၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၏။- သို့​သော်​လည်း၊ အ​သင်း​တော်၌ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် စ​ကား​တစ်​သောင်း​ကို ပြော​နိုင်​သည်​ထက်၊ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ စ​ကား​ငါး​ခွန်း​ကို ဉာဏ်​နှင့်​တ​ကွ ပြော​နိုင်​သော​အ​ခွင့်​ကို သာ၍​အ​လို​ရှိ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဉာဏ်​အ​ရာ၌ သူ​ငယ်​မ​ဖြစ်​ကြ​နှင့်။ မ​တ​ရား​သော​အ​မှု​အ​ရာ၌ နို့​စို့​သူ​ငယ်​ဖြစ်​ကြ​လော့။ ဉာဏ်​အ​ရာ၌ အ​သက်​ကြီး​သော​သူ ဖြစ်​ကြ​လော့။- ပ​ည​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ အ​ခြား​တစ်​ပါး​သော​လျှာ၊ အ​ခြား​တစ်​ပါး​သော​နှုတ်​နှင့် ဤ​လူ​မျိုး​ကို ငါ​ပြော​မည်။ သို့​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။- သို့​ဖြစ်၍ အ​ခြား​သော ဘာ​သာ​စ​ကား​တို့​သည် ယုံ​ကြည်​သော​သူ​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သည် မ​ဟုတ်။ မ​ယုံ​ကြည်​သော​သူ​တို့​အား နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ပြု​ခြင်း အ​မှု​မူ​ကား၊ မ​ယုံ​ကြည်​သော သူ​တို့​အ​ဖို့​မ​ဟုတ်၊ ယုံ​ကြည်​သော သူ​တို့​အ​ဖို့ ဖြစ်​သ​တည်း။- ထို​ကြောင့် သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ အ​ခြား​သော​ဘာ​သာ​ဖြင့် ဟော​ပြော​လျက် နေ​ကြ​စဉ်​တွင် မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်​တို့​ကို သူ​ရူး​ဖြစ်​ကြ​သည်​ဟု ပြော​မည် မ​ဟုတ်​လော။- သို့​မ​ဟုတ် သင်း​ဝင်​သူ အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ပြု၍ နေ​ကြ​စဉ်​တွင်၊ မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍ သူ့​ကို စစ်​ကြော​စီ​ရင်​ကြ၏။- ထို​သို့​သူ၏ စိတ်​နှ​လုံး၌ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် ထင်​ရှား​ပြန်၍ သူ​သည် ပျပ်​ဝပ်​လျက်၊ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​တွင် အ​မှန်​ရှိ​တော်​မူ​သည်​ဟု သက်​သေ​ခံ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​နည်း။ သင်​တို့ စည်း​ဝေး​ကြ​သော​အ​ခါ၊ ဆာ​လံ​သီ​ချင်း​ကို ရ​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ စ​ကား​ကို ရ​သော​သူ၊ အ​ခြား​သော ဘာ​သာ​စ​ကား​ကို ရ​သော​သူ၊ ဗျာ​ဒိတ်​တော်​ကို ရ​သော​သူ၊ အ​နက်​ဖော်​ပြ​ရာ​ကို ရ​သော​သူ၊ အ​သီး​အ​သီး​ရှိ​ကြ​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ စီ​ရင်​ကြ​လော့။- အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော သူ​ရှိ​လျှင်၊ နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​ဆို​သော် သုံး​ယောက်​ဖြစ်​စေ၊ တစ်​ယောက်​နောက် တစ်​ယောက်​ပြော၍ တစ်​ယောက်​သော​သူ​သည် အ​နက်​ကို​ဖော်​ပြ​စေ။- စ​ကား​ပြန်​မ​ရှိ​လျှင်၊ ဟော​ပြော​သော​သူ​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ​နေ၍ မိ​မိ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း ပြော​စေ။- ပ​ရော​ဖက်​နှစ်​ယောက် ဖြစ်​စေ၊ သုံး​ယောက် ဖြစ်​စေ၊ ဟော​ပြော၍ အ​ခြား​သော​သူ​တို့​သည် စစ်​ကြော ဆင်​ခြင်​ကြ​စေ။- ထိုင်​လျက်​နေ​သော​သူ​အား တစ်​စုံ​တစ်​ခု​ကို ဖွင့်​ပြ​တော်​မူ​လျှင်၊ အ​ရင်​ဟော​ပြော​သော​သူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။- အ​ကြောင်း​မူ​ကား၊ ရှိ​သ​မျှ​တို့​သည် သင်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှိ​သ​မျှ​တို့​သည် သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ အ​သီး​အ​သီး တစ်​ယောက်​နောက်​တစ်​ယောက် ပ​ရော​ဖက် ပြု​ရ​သော အ​ခွင့်​ရှိ​ကြ၏။- ပ​ရော​ဖက်​တို့​သည်​လည်း၊ မိ​မိ​တို့​စိတ်​ဝိ​ညာဉ်​ကို ချုပ်​တည်း​နိုင်​ကြ၏။- ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ခတ်​သော​အ​မှု​ကို ပြု​စု​တော်​မ​မူ။ သန့်​ရှင်း​သူ​တို့၏ အ​သင်း​တော်​အ​ပေါင်း​တို့၌ ဖြစ်​သ​ကဲ့​သို့ အ​သင့်​အ​တင့် ငြိမ်​ဝပ်​ခြင်း​ကို ပြု​စု​တော်​မူ၏။ သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။- မိန်း​မ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​သင်​လို​လျှင်၊ အိမ်၌ မိ​မိ​ခင်​ပွန်း​တို့​ကို မေး​မြန်း​ကြ​စေ။ မိန်း​မ​သည် အ​သင်း​တော်၌ ဟော​ပြော​လျှင် ရှက်​ဖွယ်​သော​အ​ကြောင်း ဖြစ်၏။- ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​မှ ထွက်​သ​လော။ သို့​မ​ဟုတ် သင်​တို့​သို့​သာ ရောက်​သ​လော။- ငါ​သည်​သင်​တို့​အား ရေး၍​ပေး​လိုက်​သော စ​ကား​တို့​သည် သ​ခင်​ဘု​ရား၏ ပ​ညတ်​တော်​ဖြစ်​ကြောင်း​ကို၊ ပ​ရော​ဖက်​ဖြစ်​သော​သူ၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​မည်​သည်​ကား ဝန်​ခံ​ပါ​စေ။ တစ်​စုံ​တစ်​ယောက် သော​သူ​သည် မ​သိ​လျှင် မ​သိ​ဘဲ​နေ​စေ။- အ​ချုပ်​အ​ခြာ​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ပ​ရော​ဖက်​ပြု​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ​လော့။- အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ခြင်း​အ​မှု​တို့​ကို​လည်း မ​မြစ်​တား​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​မှု​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စဉ်​အ​တိုင်း စီ​ရင်​ကြ​လော့။