YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 13:8-13

၁ ကောရိန္သု 13:8-13 JBMLE

မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။ ယ​ခု​မူ​ကား၊ ငါ​တို့​သည် မ​စုံ​မ​လင် သိ​တတ်​ကြ၏။ ပ​ရော​ဖက်​ဉာဏ်​နှင့် မ​စုံ​မ​လင် ဟော​တတ်​ကြ၏။- စုံ​လင်​ခြင်း​သို့ ရောက်​သော​အ​ခါ​မူ​ကား၊ မ​စုံ​လင်​သ​မျှ​တို့​သည် ကွယ်​ပျောက်​ကြ​လိမ့်​မည်။- ငါ​သည် သူ​ငယ်​ဖြစ်​စဉ်​အ​ခါ၊ သူ​ငယ်​လို စ​ကား​ပြော၏။ သူ​ငယ်​လို စိတ်​ထင်၏။ သူ​ငယ်​လို ကြံ​စည်၏။ အ​သက်​ကြီး​သော​အ​ခါ​မူ​ကား၊ သူ​ငယ်၏​အ​ရာ​များ​ကို ငါ​ပယ်​ရှား၏။- ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။- ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

​၁ ကောရိန္သု 13:8-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။