YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:4-27

၁ ကောရိန္သု 12:4-27 JBMLE

ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။- ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။- ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။- ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။ ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။- ကိုယ်​သည် အင်္ဂါ​တစ်​ခု​တည်း​ရှိ​သည်​မ​ဟုတ်၊ အ​များ​ရှိ​သည်​ဖြစ်၍၊- ခြေ​က၊ ငါ​သည်​လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- နား​က​လည်း၊ ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- တစ်​ကိုယ်​လုံး​သည် မျက်​စိ​ဖြစ်​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။ တစ်​ကိုယ်​လုံး​သည် နား​ဖြစ်​လျှင် အ​ဘယ်​သို့ နမ်း​နိုင်​မည်​နည်း။- ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အင်္ဂါ​တစ်​ခု​တည်း​ဖြစ်​လျှင် ကိုယ်​သည်​အ​ဘယ်​မှာ ရှိ​လိမ့်​မည်​နည်း။- ယ​ခု​တွင် အင်္ဂါ​အ​များ​ရှိ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ရှိ၏။- မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။- အ​သ​ရေ​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​အား​လည်း၊ သာ၍​ကြီး​သော အ​သ​ရေ​ကို ပေး​တတ်၏။- တင့်​တယ်​ခြင်း​မ​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​ကြီး​သော တင့်​တယ်​ခြင်း​ကို ခံ​ရ​ကြ၏။- တင့်​တယ်​လျက်​ရှိ​သော အင်္ဂါ​တို့​သည် အ​ခြား​သော တင့်​တယ်​ခြင်း​ကို မ​လို​ကြ။- ကိုယ်​ခ​န္ဓာ၌ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ၊ အင်္ဂါ​များ​တို့​သည် အ​ချင်း​ချင်း သူ့​ကို​ကိုယ်​နှင့်​အ​မျှ သ​တိ​ပြု​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ​ကို​မျှ​စေ၍၊ ယုတ်​သော​အင်္ဂါ​အား သာ၍​များ​သော အ​သ​ရေ​ကို ပေး​တော်​မူ၏။- သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။- သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။

​၁ ကောရိန္သု 12:4-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။