YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 12:4-27

၁ ကောရိန္သု 12:4-27 Judson Bible (JBMLE)

ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။- ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။- ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။- ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။- ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။ ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။- ကိုယ်​သည် အင်္ဂါ​တစ်​ခု​တည်း​ရှိ​သည်​မ​ဟုတ်၊ အ​များ​ရှိ​သည်​ဖြစ်၍၊- ခြေ​က၊ ငါ​သည်​လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- နား​က​လည်း၊ ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။- တစ်​ကိုယ်​လုံး​သည် မျက်​စိ​ဖြစ်​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။ တစ်​ကိုယ်​လုံး​သည် နား​ဖြစ်​လျှင် အ​ဘယ်​သို့ နမ်း​နိုင်​မည်​နည်း။- ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အင်္ဂါ​တစ်​ခု​တည်း​ဖြစ်​လျှင် ကိုယ်​သည်​အ​ဘယ်​မှာ ရှိ​လိမ့်​မည်​နည်း။- ယ​ခု​တွင် အင်္ဂါ​အ​များ​ရှိ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ရှိ၏။- မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။- အ​သ​ရေ​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​အား​လည်း၊ သာ၍​ကြီး​သော အ​သ​ရေ​ကို ပေး​တတ်၏။- တင့်​တယ်​ခြင်း​မ​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​ကြီး​သော တင့်​တယ်​ခြင်း​ကို ခံ​ရ​ကြ၏။- တင့်​တယ်​လျက်​ရှိ​သော အင်္ဂါ​တို့​သည် အ​ခြား​သော တင့်​တယ်​ခြင်း​ကို မ​လို​ကြ။- ကိုယ်​ခ​န္ဓာ၌ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ၊ အင်္ဂါ​များ​တို့​သည် အ​ချင်း​ချင်း သူ့​ကို​ကိုယ်​နှင့်​အ​မျှ သ​တိ​ပြု​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ​ကို​မျှ​စေ၍၊ ယုတ်​သော​အင်္ဂါ​အား သာ၍​များ​သော အ​သ​ရေ​ကို ပေး​တော်​မူ၏။- သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။- သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။

၁ ကောရိန္သု 12:4-27 Common Language Bible (BCL)

ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။- အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။- အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။- ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။- ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။- သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။ ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။- ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။ လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။- ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။- နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။- ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။- အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။- အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။ ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။- အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။- ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။- တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။- သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။- အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။ သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။

၁ ကောရိန္သု 12:4-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဆု​ကျေးဇူး​သည် အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်​တော်​သည် တစ်ပါးတည်း​ရှိ​၏။ အမှု​တော်​လုပ်ငန်း​သည် အမျိုးမျိုး​ရှိ​သော်လည်း သခင်​ဘုရား​သည် တစ်ပါးတည်း​ရှိ​၏။ လုပ်ဆောင်​ချက်​အမျိုးမျိုး​ရှိ​သော်လည်း လူ​အပေါင်း​တို့​၌ ခပ်သိမ်း​သော​အမှု​ကို​ပြု​တော်မူ​သော​ဘုရားသခင်​သည် တစ်ပါးတည်း​ရှိ​၏။ သို့သော် အများ​ကောင်းကျိုး​အတွက် တစ်ဦးစီ​၌ ဝိညာဉ်​တော်​၏​ထင်ရှား​ခြင်း​အခွင့်​ကို​ပေး​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​သည် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​တော်မူ​၍ အလို​တော်​ရှိ​သည့်​အတိုင်း ထို​ဆု​ကျေးဇူး​များ​ကို တစ်ဦးစီ​အား အသီးသီး​ခွဲဝေ​ပေး​တော်မူ​၏။ ထို့ကြောင့် ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ဖြစ်​သော်လည်း အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ကိုယ်ခန္ဓာ​၌​အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း အားလုံး​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​သကဲ့သို့ ခရစ်တော်​သည်​လည်း ထိုနည်းတူ​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ ငါ​တို့​ရှိသမျှ​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ ဗတ္တိဇံ​ခံ​ကြ​ပြီး အားလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​ကို သောက်​ရ​ကြ​၏။ ကိုယ်ခန္ဓာ​၌ အင်္ဂါ​အစိတ်အပိုင်း​တစ်ခုတည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များစွာ​ရှိ​၏။ ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထိုသို့​ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။ နား​က​လည်း “ငါ​သည် မျက်စိ​မ​ဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထိုသို့​ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မျက်စိ​ဖြစ်​လျှင် မည်သို့​ကြား​နိုင်​မည်နည်း။ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် နား​ဖြစ်​လျှင် မည်သို့​အနံ့​ရ​နိုင်​မည်နည်း။ သို့ရာတွင် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အင်္ဂါ​အစိတ်အပိုင်း​များ​ကို ကိုယ်ခန္ဓာ​၌ အသီးသီး​ပြင်ဆင်​ပေး​တော်မူ​၏။ အားလုံး​သည် အင်္ဂါ​အစိတ်အပိုင်း​တစ်မျိုးတည်း​ဖြစ်​ခဲ့​လျှင် ကိုယ်ခန္ဓာ​သည် အဘယ်မှာ​ရှိ​မည်နည်း။ ယခု​မူကား အင်္ဂါ​အစိတ်အပိုင်း​သည် များစွာ​ရှိ​သော်လည်း ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ရှိ​၏။ မျက်စိ​က လက်​အား “သင့်​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သကဲ့သို့ ဦးခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။ ထိုမျှမက ကိုယ်ခန္ဓာ​၌ ပို၍​အားနည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​သည် ပို၍​ပင်​လိုအပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။ ကိုယ်ခန္ဓာ​တွင် ဂုဏ်သရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​ကို ပို၍​ကြီး​သော​ဂုဏ်သရေ​ဖြင့် ငါ​တို့​ဆင်ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အမြင်​မ​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​ကို​လည်း အမြင်​တင့်တယ်​အောင် ပို၍​ဂရုစိုက်​တတ်​၏။ အမြင်​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​မူကား ထိုသို့​ပြု​ရန်​မ​လိုအပ်​ပေ။ သို့သော် ဘုရားသခင်​သည် ဂုဏ်ငယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​အား သာ၍​ကြီး​သော​ဂုဏ်သရေ​ကို​ပေး​၍ ကိုယ်ခန္ဓာ​ကို ပေါင်းစပ်​ဖွဲ့စည်း​တော်မူ​၏။ ဤသည်ကား ကိုယ်ခန္ဓာ​၌ ကွဲပြား​မှု​မ​ရှိ​ဘဲ အင်္ဂါ​အစိတ်အပိုင်း​များ​သည် အချင်းချင်း​ဂရုစိုက်​ကြ​စေရန်​အတွက်​ဖြစ်​၏။ သို့ဖြစ်၍ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ဝေဒနာ​ခံစား​ရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ခံစား​ရ​ကြ​၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ချီးမြှောက်​ခြင်း​ခံရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ဝမ်းမြောက်​ကြ​၏။ သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။