YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 11

11
1ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။
ဦး​ခေါင်း​ဖုံး​အုပ်​ခြင်း
2ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ရာ​ရာ၌ ငါ့​ကို အောက်​မေ့၍၊ ငါ​အပ်​ပေး​သော​နည်း​ဥ​ပ​ဒေ​သ​တို့​ကို စွဲ​လမ်း​ကြ​သည်​ဖြစ်၍ သင်​တို့​ကို ငါ​ချီး​မွမ်း၏။- 3ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 4ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။- 5မိန်း​မ​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို မ​ဖုံး​ဘဲ ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း​အ​သ​ရေ​ကို ရှုတ်​ချ၏။- 6ထို​သို့​ပြု​လျှင် ဆံ​ပင်​ရိတ်​သည်​နှင့်​တူ၏။ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​စေ။ ဆံ​ပင် ဖြတ်​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​အ​ရာ​သည် ရှက်​စ​ရာ​ရှိ​လျှင် ခေါင်း​ကို​ဖုံး​စေ။- 7ယောက်ျား​သည် ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ခေါင်း​ကို မ​ဖုံး​ရ။ မိန်း​မ​မူ​ကား ယောက်ျား၏​ဘုန်း​အ​သ​ရေ​ဖြစ်၏။- 8ယောက်ျား​သည် မိန်း​မ​ကြောင့်​ဖြစ်​သည် မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်၏။- 9ယောက်ျား​ကို မိန်း​မ​ဖို့​ဖန်​ဆင်း​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​ဖို့ ဖန်​ဆင်း၏။- 10ထို​ကြောင့်၊ ကောင်း​ကင်​တ​မန်​များ​ကို ထောက်၍၊ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို ဖုံး​ရ​မည်။
11သို့​သော်​လည်း သ​ခင်​ဘု​ရား၌ ယောက်ျား​မ​ပါ​ဘဲ မိန်း​မ​ဖြစ်​သည်​မ​ဟုတ်။ မိန်း​မ မ​ပါ​ဘဲ ယောက်ျား​ဖြစ်​သည် မ​ဟုတ်။- 12မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကြောင့် ဖြစ်​ကြ၏။- 13မိန်း​မ​သည် ခေါင်း​ကို​မ​ဖုံး​ဘဲ​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျှင်၊ လျောက်​ပတ်​သည် မ​လျောက်​ပတ်​သည်​ကို သင်​တို့ အ​လို​အ​လျောက် ဆင်​ခြင်​စီ​ရင်​ကြ​လော့။- 14ယောက်ျား​သည် ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ ရှက်​ဖွယ်​သော အ​ကြောင်း​ဖြစ်​သည်​ကို သင်​တို့​အား ပ​က​တိ​တ​ရား​ပင် ဆုံး​မ​သွန်​သင်​သည် မ​ဟုတ်​လော။- 15မိန်း​မ​မူ​ကား၊ ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ သူ၏​ဘုန်း​အ​သ​ရေ ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​ဆံ​ပင်​သည် မိ​မိ​ခြုံ​စ​ရာ​ဖို့ ဖြစ်၏။- 16သို့​သော်​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငြင်း​ခုံ​လျှင်၊ ငါ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်၌ လည်း​ကောင်း၊ ထို​သို့​သော ထုံး​စံ​မ​ရှိ။
သ​ခင်​ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ
(မ၊ ၂၆:၂၆-၂၉။ မာ၊ ၁၄:၂၂-၂၅။ လု၊ ၂၂:၁၄-၂၀)
17တစ်​ဖန်​တုံ၊ သင်​တို့​သည် အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​မ​ဟုတ်။ အ​ကျိုး​ကို နည်း​စေ​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ဖြစ်၍၊ ငါ​သည် ပ​ညတ်​ထား​စဉ်​တွင် သင်​တို့​ကို မ​ချီး​မွမ်း​ရ။- 18ပ​ထ​မ အ​ကြောင်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​သင်း​တော်၌ စည်း​ဝေး​ကြ​သော​အ​ခါ၊ အ​ချင်း​ချင်း ကွဲ​ပြား​ခြင်း​ရှိ​သည်​ကို ငါ​ကြား​ရ၏။- 19ကြား​ရ​သည်​အ​တိုင်း မှန်​ကောင်း​မှန်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ကောင်း​မွန်​သော သူ​တို့​ကို ထင်​ရှား​စိမ့်​သော​ငှာ သင်း​ခွဲ​ခြင်း​ရှိ​ရ​မည်။- 20သင်​တို့​သည် အ​တူ​စည်း​ဝေး​ကြ​သော​အ​ခါ၊ သ​ခင်​ဘု​ရား၏ ပွဲ​တော်​ကို စား​အံ့​သော​ငှာ စည်း​ဝေး​ကြ​သည်​မ​ဟုတ်။- 21အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် စား​ကြ​သည်​တွင် ကိုယ်​စီ​ကိုယ်​စီ မိ​မိ​အ​စာ​ကို​အ​ရင်​ယူ၍၊ တ​ချို့​ကား ဆာ​မွတ်​လျက်၊ တ​ချို့​ကား စား​သောက်​ကြူး​လျက်​ရှိ​ကြ၏။- 22သင်​တို့​သည် စား​သောက်​ရာ​ဖို့ ကိုယ်​အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ဆင်း​ရဲ​သော​သူ​တို့​ကို ရှက်​ကြောက် စေ​သ​လော။ အ​ဘယ်​သို့ ငါ​ဆို​ရ​မည်​နည်း။ ဤ​အ​မှု​မှာ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ မ​ချီး​မွမ်း​ရ။
23အ​ကြောင်း​မူ​ကား၊ သင်​တို့၌ ငါ​အပ်​ပေး​သော အ​ရာ​ကို သ​ခင်​ဘု​ရား​ထံ၌ ငါ​ခံ​ရ​ပြီ။ ခံ​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် ရန်​သူ​လက်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​သော နေ့​ည​မှာ မုန့်​ကို​ယူ၍၊- 24ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား၊ သင်​တို့​အ​ဖို့​အ​လို​ငှာ ချိုး​ဖဲ့​သော​ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့။ ငါ့​ကို​အောက်​မေ့​ဖို့​ရာ ဤ​သို့ ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။- 25ထို​နည်း​တူ၊ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား ငါ၏​အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။ ဤ​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ ငါ့​ကို​အောက်​မေ့​ဖို့​ရာ သောက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- 26အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​မုန့်​ကို​စား၍ ထို​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ သ​ခင်​ဘု​ရား​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကြွ​လာ​တော် မ​မူ​မီ​တိုင်​အောင် ပြ​ကြ၏။- 27ထို​ကြောင့် သ​ခင်​ဘု​ရား၏​မုန့်​နှင့် ခွက်​ကို မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​မည်​သည်​ကား၊ သ​ခင်​ဘု​ရား၏ ကိုယ်​တော်​နှင့် အ​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်၏။- 28သို့​ဖြစ်၍ လူ​တိုင်း​ကိုယ်​ကို​ကိုယ်​စစ်​ကြော​ပြီး​မှ မုန့်​ကို​စား​စေ။ ထို​နည်း​တူ ခွက်​ကို​လည်း​သောက်​စေ။- 29အ​ကြောင်း​မူ​ကား၊ မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား၏​ကိုယ်​တော်​ကို ပိုင်း​ခြား၍ မ​သိ​သော​ကြောင့်၊ မိ​မိ​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ စား​သောက်​သော​သူ​ဖြစ်၏။
30ထို​အ​ကြောင်း​ကြောင့်၊ သင်​တို့​တွင် အား​နည်း​သော​သူ၊ မ​ကျန်း​မ​မာ​သော​သူ အ​များ​ရှိ​ကြ၏။ သေ​သော​သူ​အ​များ​လည်း ရှိ​ကြ၏။- 31ငါ​တို့​သည် ကိုယ်​ကို​ကိုယ် စစ်​ကြော​စီ​ရင်​လျှင်၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။- 32စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။- 33ထို​ကြောင့် ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စား​အံ့​သော​ငှာ စည်း​ဝေး​သော​အ​ခါ၊ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ငံ့​လင့်​ကြ​လော့။- 34တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဆာ​မွတ်​လျှင်၊ သင်​တို့​သည် အ​ပြစ်​ခံ​လျက် မ​စည်း​ဝေး​စေ​ခြင်း​ငှာ ထို​သူ​သည် မိ​မိ​အိမ်၌ စား​စေ။ ကြွင်း​သော​အ​မှု​များ​ကို ငါ​လာ​သော​အ​ခါ စီ​ရင်​မည်။

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ