YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 9:1-37

၁ ရာဇဝင်ချုပ် 9:1-37 JBMLE

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။ နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​မှာ​နေ​သော ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊ ယု​ဒ​သား ဖာ​ရက်​အ​မျိုး​အ​နွယ်၊ ဗာ​နိ၊ ဣ​မ​ရိ၊ ဩ​မ​ရိ၊ အ​မိ​ဟုဒ်​တို့​မှ ဆင်း​သက်​သော ဥ​သဲ​တစ်​ပါး၊ ရှိ​လော​နိ​အ​မျိုး​ဖြစ်​သော သား​ဦး​အ​သာ​ယ​နှင့် သူ၏​သား​တစ်​စု၊ ဇေ​ရ​အ​မျိုး​ယွေ​လ​နှင့် သူ၏​ညီ​အစ်​ကို​တစ်​စု ပေါင်း​ခြောက်​ရာ​ကိုး​ဆယ်​တည်း။ ဗင်္ယာ​မိန်​အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​သေ​နွာ၊ ဟော​ဒ​ဝိ၊ မေ​ရှု​လံ​တို့​မှ ဆင်း​သက်​သော သ​လ္လု၊ ယေ​ရော​ဟံ​သား ဣ​ဗ​နိ​ယ၊ မိ​ခ​ရိ​သား​ဖြစ်​သော ဩ​ဇိ၏​သား​ဧ​လာ​နှင့် ဣ​ဗ​နိ​ယ၊ ရွေ​လ၊ ရှေ​ဖ​တိ​တို့​မှ ဆင်း​သက်​သော မေ​ရှု​လံ​မှ​စ၍၊ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​သော အ​မျိုး​သား​ချင်း​ပေါင်း ကိုး​ရာ​ငါး​ဆယ်​ခြောက်​ယောက်​တည်း။ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​မူ​ကား ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်​နှင့်​တ​ကွ၊ အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏​အိမ်​တော်​အုပ် အာ​ဇ​ရိ​တစ်​ပါး၊ မာ​လ​ခိ၊ ပါ​ရှု​ရ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​နှင့် ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ မေ​ရှု​လံ၊ ယာ​ဇေ​ရ၊ အ​ဒေ​လ​တို့​မှ ဆင်း​သက်​သော​မာ​ရှဲ အ​စ​ရှိ​သော၊ အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း​တစ်​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ် ရှိ​ကြ၏။ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ပေ​တည်း။ လေ​ဝိ​သား​မူ​ကား၊ မေ​ရာ​ရိ အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ​ဆင်း​သက်​သော ရှေ​မာ​ရ​တစ်​ပါး၊ ဗာ​က​ဗ​က္ကာ၊ ဟေ​ရက်၊ ဂ​လာ​လ​သုံး​ပါး၊ အာ​သပ်၊ ဇိ​ခ​ရိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​တစ်​ပါး၊ ယေ​ဒု​သုံ၊ ဂ​လာ​လ၊ ရှေ​မာ​ယ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​တစ်​ပါး၊ နေ​တော​ဖာ​သိ​ရွာ​တို့​တွင် နေ​သော ဧ​လ​ကာ​န​သား အာ​သ၏​သား ဗေ​ရ​ခိ​တစ်​ပါး​တည်း။ တံ​ခါး​စောင့်​မူ​ကား ရှ​လ္လုံ၊ အ​က္ကုပ်၊ တာ​လ​မုန်၊ အ​ဟိ​မန်​အ​စ​ရှိ​သော ညီ​အစ်​ကို​တစ်​စု၊ ရှ​လ္လုံ​သည် ရှင်​ဘု​ရင်​ဝင်​သော အ​ရှေ့​တံ​ခါး​တွင် တံ​ခါး​မှူး​ဖြစ်၏။ ဤ​သူ​တို့​သည် လေ​ဝိ​သား​အ​ပေါင်း​အ​သင်း၌​ပါ​သော တံ​ခါး​စောင့်​ပေ​တည်း။ ကော​ရ​သိ အ​ဆွေ​အ​မျိုး၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ ကော​ရ​တို့​မှ ဆင်း​သက်​သော ရှ​လ္လုံ​နှင့်​မိ​မိ​ညီ​တို့​သည် အ​မှု​တော်​စောင့်​ရာ​တွင် တဲ​တော်​တံ​ခါး​စောင့် ဖြစ်​ကြ၏။ အ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိုလ်​ခြေ​တပ်​ချ​ရာ​တွင် တဲ​တော်​ဦး​စောင့် ဖြစ်​ကြ၏။ ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ မေ​ရှိ​လ​မိ​သား ဇာ​ခ​ရိ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​စောင့်​ဖြစ်၏။ တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။ ထို​သူ၏ သား​စဉ်​မြေး​ဆက်​တို့​သည် တဲ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ တံ​ခါး​စောင့်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ၌ စောင့်​နေ​ရ​ကြ၏။ ရွာ​တို့၌​နေ​သော အ​ပေါင်း​အ​ဖော်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း ခု​နစ်​ရက်၊ ခု​နစ်​ရက်​လာ​ရ​ကြ၏။ ထို​လေ​ဝိ​သား​တို့​တွင် တံ​ခါး​စောင့်​ကြီး လေး​ယောက်​တို့​သည် အ​ရာ​ကို​ခံ​ရ​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ခန်း​များ​နှင့် ဘ​ဏ္ဍာ​တိုက်​များ​ကို စောင့်​ရ​ကြ၏။ ထို​သို့​စောင့်၍ နံ​နက်​တိုင်း တံ​ခါး​ကို​ဖွင့်​ရ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ပတ်​လည်၌ အိပ်​ရ​ကြ၏။ အ​ချို့​တို့​သည်​လည်း၊ အ​မှု​တော်​စောင့်​တန်​ဆာ​များ​ကို အ​ရေ​အ​တွက်​အ​တိုင်း သွင်း​လျက်​ထုတ်​လျက် စောင့်​ရ​ကြ၏။ အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား အ​ချို့​တို့​သည်​လည်း နံ့​သာ​ဆီ​ကို​လုပ်​ရ​ကြ၏။ လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။ သူ၏​ညီ​အစ်​ကို​နှင့် အ​ခြား​သော ကော​ရ​သိ အ​ဆွေ​အ​မျိုး​သား​တို့​သည် ဥ​ပုသ်​နေ့၌ ရှေ့​တော်​မုန့်​ကို ပြင်​ဆင်​ရ​ကြ၏။ သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။ ထို​လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် အ​စဉ်​အ​ဆက် အ​ကြီး​အ​ကဲ​ဖြစ်၍ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရာ​ကျ​ကြ၏။ ဂိ​ဗောင်​မြို့​မှာ ဂိ​ဗောင်​အ​ဘ​ယေ​လ​နေ၏။ သူ​၏​မ​ယား​ကား မာ​ခါ​အ​မည်​ရှိ၏။ သူ​၏​သား​ဦး​ကား၊ အာ​ဗ​ဒုန်၊ ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊ ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခါ၊ မိ​က​လုတ်​တည်း။