YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 29:10-20

၁ ရာဇဝင်ချုပ် 29:10-20 JBMLE

ထို​အ​ခါ ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​တို့​အ​ဘ ဣ​သ​ရေ​လ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။ ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။ သို့​ဖြစ်၍ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကျေး​ဇူး​တော် ကြီး​လှ​ပါ​သည်​ဟု အ​ကျွန်ုပ်​တို့​သည်​ဝန်​ခံ၍ ဘုန်း​ကြီး​သော နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​အ​ဖို့ ကိုယ်​တော်၏​အိမ်​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ပြင်​ဆင်​သော ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​လုံး​စုံ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ လူ​တို့​သည် ဤ​အ​မှု​အ​ရာ​များ​ကို၊ အ​စဉ်​အောက်​မေ့​စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​နှ​လုံး​သည် ကိုယ်​တော်​ဘက်၌ တည်​ကြည်​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​သား ရှော​လ​မုန်​သည်​လည်း ကိုယ်​တော်၏ သက်​သေ​ခံ​ချက်၊ ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်၍၊ အ​ကျွန်ုပ်​ပြင်​ဆင်​သော​အ​မှု​ကို အ​ကုန်​အ​စင်​ပြီး​စီး​စေ​လျက်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​နိုင်​မည်​အ​ကြောင်း၊ စုံ​လင်​သော စိတ်​နှ​လုံး​ကို ပေး​သ​နား​တော်​မူ​ပါ​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက် မြွက်​ဆို၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက်​ဦး​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း​ရှိ​ခိုး​ကြ၏။