YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 29:10-13

၁ ရာဇဝင်ချုပ် 29:10-13 JBMLE

ထို​အ​ခါ ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​တို့​အ​ဘ ဣ​သ​ရေ​လ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။ ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။ သို့​ဖြစ်၍ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကျေး​ဇူး​တော် ကြီး​လှ​ပါ​သည်​ဟု အ​ကျွန်ုပ်​တို့​သည်​ဝန်​ခံ၍ ဘုန်း​ကြီး​သော နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။