YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 28:9-20

၁ ရာဇဝင်ချုပ် 28:9-20 JBMLE

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။ သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။ ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တံ​တိုင်း​များ၊ ပတ်​လည်၌ ကာ​သော​အ​ခန်း​များ၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​တိုက်​များ၊ ပူ​ဇော်​သော​အ​ရာ​သို​ထား​ရာ တိုက်​များ​တို့၏​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​ကြံ​စည်​သ​မျှ​အ​တိုင်း၊ ဒါ​ဝိဒ်​သည် သား​တော်​ရှော​လ​မုန်​အား အပ်​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။ အ​မှု​တော်​အ​မျိုး​မျိုး​ကို ဆောင်​ရွက်​စ​ရာ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ငွေ​ကို​လည်း​ကောင်း ချိန်၍ အပ်​တော်​မူ၏။ ရွှေ​မီး​ခုံ​နှင့် ရွှေ​မီး​ခွက်​အ​သီး​အ​သီး​အ​ဖို့၊ ငွေ​မီး​ခုံ​နှင့် ငွေ​မီး​ခွက်​အ​သီး​အ​သီး သုံး​စ​ရာ​ရှိ​သည်​အ​တိုင်း ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။ ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ​နှင့် ငွေ​စား​ပွဲ အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။ အ​မဲ​သား​ချိတ်၊ အင်​တုံ၊ ဖ​လား​များ​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ ရွှေ​လင်​ပန်း​နှင့် ငွေ​လင်​ပန်း အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ချိန်၍ အပ်​တော်​မူ၏။ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ အ​တောင်​တို့​ကို​ဖြန့်၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်​ရ​ထား​တော်​ပုံ​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း ချိန်၍​အပ်​တော်​မူ၏။ ထို​ပုံ​များ​ရှိ​သ​မျှ​တို့​ကို ရေး​ထား​သည်​အ​တိုင်း၊ နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မူ၏။ သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။