YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 10

10
ရှော​လု​မင်း​ကွယ်​လွန်​ခြင်း
(၁​ရာ၊ ၃၁:၁-၁၃)
1ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။ 2ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု​မင်း​နှင့် သူ၏​သား​တို့​ကို ပြင်း​ထန်​စွာ​လိုက်၍၊ ရှော​လု၏​သား ယော​န​သန်၊ အ​ဘိ​န​ဒပ်၊ မေ​လ​ခိ​ရွှ​တို့​ကို သတ်​ကြ၏။ 3စစ်​တိုက်​ရာ​တွင် ရှော​လု​သည် အ​လွန်​ခံ​ရ၏။ လေး​သ​မား​တို့​ပစ်​သော မြား​မှန်၍ အ​လွန်​နာ​သော​ကြောင့်၊ 4လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင်၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍၊ ငါ့​ကို​မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။ 5ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင်​မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။ 6ထို​သို့ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​မှ​စ၍ နန်း​တော်​သား​အ​ပေါင်း​တို့​သည် အ​တူ​သေ​ကြ၏။
7ဣ​သ​ရေ​လ​လူ​ပြေး​ကြောင်း၊ ရှော​လု​နှင့် သူ၏​သား​များ​သေ​ကြောင်း​ကို၊ ချိုင့်၌​နေ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်​သိ​မြင်​လျှင်၊ မြို့​ရွာ​တို့​ကို စွန့်​ပစ်​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍​နေ​ကြ၏။ 8နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌၊ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။ 9အ​ဝတ်​တန်​ဆာ​တော်​ကို ချွတ်​ပြီး​မှ ခေါင်း​တော်၊ လက်​နက်​တော်​ကို​ယူ၍ သူ​တို့​ရုပ်​တု​အိမ်​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။ 10လက်​နက်​တော်​ကို​လည်း သူ​တို့​ဘု​ရား​ကျောင်း၌​ထား၍၊ ခေါင်း​တော်​ကို ဒါ​ဂုန်​ဗိ​မာန်၌ ဆွဲ​ထား​ကြ၏။
11ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု၌​ပြု​သ​မျှ​ကို ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​များ​ကြား​လျှင်၊ 12သူ​ရဲ​အ​ပေါင်း​တို့​သည် ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို​ယူ​သွား၍၊ ယာ​ဗက်​မြို့​သို့ ဆောင်​ခဲ့​သ​ဖြင့်၊ အ​ရိုး​တို့​ကို ယာ​ဗက်​မြို့​မှာ သ​ပိတ်​ပင်​အောက်၌ သင်္ဂြိုဟ်​ပြီး​မှ ခု​နစ်​ရက်​ပတ်​လုံး​အ​စာ​ရှောင်​ကြ၏။
13ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊#ဝတ်၊ ၁၉:၃၁၊ ၂၀:၆၊ ၁ ရာ၊ ၁၃:၈-၁၄၊ ၁၅:၁-၂၄၊ ၂၈:၇-၈။ 14ထာ​ဝ​ရ​ဘု​ရား​ကို မ​မေး​မြန်း​ဘဲ နတ်​ဝင်​မိန်း​မ​ကို ရှာ​ဖွေ​မေး​မြန်း​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကွပ်​မျက်၍၊ နိုင်​ငံ​တော်​ကို ယေ​ရှဲ​သား​ဒါ​ဝိဒ်၌ လွှဲ​အပ်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ