YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 7

7
1စီ ရင် ခြင်း ကို မ ခံ ရ စေ ခြင်း ငှာ မ စီ ရင် ကြ နှင့်။ 2ကိုယ် စီ ရင် သည့် နည်း အ တိုင်း စီ ရင် ခြင်း ကို ခံ ရ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း လည်း ဆပ် ခြင်း ကို ခံ ရ လိမ့် မည်။ 3ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ ကြည့် ဘဲ ညီ အစ် ကို၏ မျက် စိ ရှိ သော အ မှိုက် ကို အ ဘယ် ကြောင့် မြင် သ နည်း။ 4ကိုယ့် မျက် စိ၌ တုံး ရှိ လျက် သင့် မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ပါ ရေ စေ ဟု ညီ အစ် ကို အား မည် သို့ ဆို မည် နည်း။ 5အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့၊ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။
6သန့် သော အ ရာ ကို ခွေး များ အား မ ပေး ကြ နှင့်။ သင် တို့၏ ပု လဲ များ ကို လည်း ဝက် များ ရှေ့ မ ထား ကြ နှင့်။ သို့ ပြု လျှင် ထို အ ရာ များ ကို ကျော် နင်း ပြီး နောက် သင် တို့ ကို လှည့်၍ ကိုက် ပက် ကြ လိမ့် မည် ဟု စိုး ရိမ် ရန် ရှိ၏။
7တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။ 8အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။ 9သင် တို့ တွင် သား က မုန့် တောင်း လျှင် ကျောက် ခဲ ပေး မည့် သူ၊ 10ငါး တောင်း လျှင် မြွေ ပေး မည့် သူ ရှိ သ လော၊ 11သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။ 12ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။
13ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။ 14အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
15လော ဘ ဇော ကြီး သော ဝံ ပု လွေ့ သ ဘော ရှိ သော် လည်း သိုး ရေ ဝတ် လျက် ပင် သင် တို့ ထံ လာ တတ် သော မိ စ္ဆာ ပ ရော ဖက် တို့ ကို ကြဉ် ရှောင် ကြ လော့။ 16ချင်း တို့ အ သီး အား ဖြင့် ချင်း တို့ ကို သိ ရ ကြ လိမ့် မည်။ ဆူး ပင် တွင် စ ပျစ် သီး၊ ပေါင်း ပင် တွင် သ ဖန်း သီး ကို ဆွတ် ရ ကြ သ လော။ 17ကောင်း သော အ ပင် တိုင်း ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် တိုင်း မ ကောင်း သော အ သီး ကို သီး တတ်၏။ 18ကောင်း သော အ ပင် သည် မ ကောင်း သော အ သီး၊ မ ကောင်း သော အ ပင် သည် ကောင်း သော အ သီး ကို မ သီး နိုင်။ 19အ သီး ကောင်း မ သီး သော အ ပင် တိုင်း ကို ခုတ် လှဲ၍ မီး ထဲ သို့ ပစ် တတ် ကြ၏။ 20သို့ ဖြစ်၍ ချင်း တို့ အ သီး အား ဖြင့် ထို သူ တို့ ကို သိ ရ ကြ လိမ့် မည်။ 21ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ မည် မ ဟုတ်။ ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ အ လို ကို ဆောင် ရွက် သူ သာ လျှင် ဝင် ရ လိမ့် မည်။ 22နေ့ တော် ကြီး၌ အ များ တို့ က အ ရှင် ဘု ရား၊ အ ရှင် ဘု ရား၊ တ ပည့် တော် တို့ သည် ကိုယ် တော်၏ နာ မ တော် နှင့် ဟော ပြော ကြ ပါ ပြီ။ နာ မ တော် နှင့် နတ် များ ကို နှင် ထုတ် ကြ ပါ ပြီ။ နာ မ တော် နှင့် အ မှု ကြီး များ စွာ ကို ဆောင် ရွက် ကြ ပါ ပြီ မ ဟုတ် လော ဟူ၍ လျှောက် ဆို ကြ သော်၊ 23ငါ က သင် တို့ ကို မ သိ စ ဘူး။ မ တ ရား ပြု ကျင့် သူ တို့၊ ငါ့ ထံ မှ ထွက် သွား ကြ ဟု ပြန် ဆို မည်။ 24ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။ 25မိုး ရွာ ခြင်း၊ ရေ တက် ခြင်း၊ လေ ထန် ခြင်း များ သင့်၍ ထို အိမ် ကို တိုက် ခတ် သော် လည်း ကျောက် ပေါ် တွင် အ မြစ် ချ ထား သော ကြောင့် မ ပြို မ လဲ တည် နေ၏။ 26ငါ ယ ခု ဟော ပြော ချက် ကို ကြား လျက် မ လိုက် မ နာ သော သူ တိုင်း ကို ကား သဲ ပေါ် တွင် အိမ် ဆောက် သော လူ မိုက် နှင့် ငါ ပုံ နှိုင်း မည်။ 27မိုး ရွာ ခြင်း၊ ရေ တက် ခြင်း၊ လေ ထန် ခြင်း များ သင့်၍ ထို အိမ် ကို တိုက် ခတ် သော် ပြို လဲ ပျက် စီး ဆုံး ပါး လေ စွ တ ကား ဟု ဒေ သ နာ ပေး တော် မူ၏။
28ဤ သို့ ယေ ရှု ဟော တော် မူ ချက် အ ဆုံး ၌ လူ ပ ရိတ် သတ် သည် ဒေ သ နာ တော် ကို အံ့ သြ ကြ ၏။ 29အ သို့ ဆို သော် ချင်း တို့ ကျမ်း တတ် ဆ ရာ များ ကဲ့ သို့ မ ဟုတ်၊ အာ ဏာ ပိုင် ရှင် အ ဖြစ် ဒေ သ နာ ပေး တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 7: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 7 အကြောင်း ဗီဒီယိုများ