YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 4

4
1ထို နောက် ဝိ ညာဉ် တော် သည် ယေ ရှု ကို မာရ် နတ် စုံ စမ်း ခြင်း ခံ စေ ရန် 2တော သို့ ပို့ ဆောင် သ ဖြင့် ယေ ရှု သည် အ ရက် လေး ဆယ်၊ နေ့ ညဉ့် ပတ် လုံး အ စာ ရှောင်၍ နေ ပြီး နောက် ဆာ မွတ် တော် မူ ရာ၊ 3စုံ စမ်း သော နတ် ဆိုး သည် ချဉ်း လာ လျက် ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ များ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊ 4ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။ 5ထို အ ခါ မာရ် နတ် သည် ကိုယ် တော် ကို သန့် ရှင်း သော မြို့ တော် သို့ ခေါ် သွား၍ ဗိ မာန်၏ အ ထွဋ် တွင် ထား ပြီး သော်၊ 6ကိုယ် တော် နှင့် စပ်၍ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန် ချီ ပင့် ရ ကြ လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင့် သား တော် မှန် လျှင် ကိုယ် ကို ချ လိုက် တော် မူ ပါ ဟု လျှောက် ရာ၊ 7ယေ ရှု က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ ဟူ သော ကျမ်း ချက် ရှိ ပြန် သည် ဟု မိန့် တော် မူ၏။ 8တစ် ဖန် မာရ် နတ် သည် ကိုယ် တော် ကို အ လွန် မြင့် သော တောင် ပေါ် သို့ ခေါ် သွား၍ လော က နိုင် ငံ ရှိ သ မျှ ကို ဘုန်း စည်း စိမ် ပါ ပြ ပြီး သော်၊ 9ငါ့ ကို ပျပ် ဝပ် ရှိ ခိုး လျှင် ထို အ ရာ အ လုံး စုံ ကို ငါ ပေး မည် ဟု လျှောက် သည့် အ ခါ ယေ ရှု က အ ချင်း စာ တန် ထွက် သွား လော့၊ 10သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု မိန့် တော် မူ၏။ 11ထို အ ခါ မာရ် နတ် သည် ကိုယ် တော့် ထံ မှ ခွာ သွား သ ဖြင့် စေ တ မန် တော် တို့ လာ ရောက်၍ လုပ် ကျွေး သ မှု ပြု ကြ၏။
12ယော ဟန် ပို့ အပ် ခံ ရ သည့် အ ကြောင်း ကို ကြား သော် ကိုယ် တော် သည် ဂါ လိ လဲ နယ် သို့ ထွက်၍ နာ ဇ ရက် မြို့ ကို စွန့် ပြီး လျှင်၊ 13ဇာ ဗု လုန် နှင့် နဿ လိ နယ် အိုင် ကမ်း နား ရှိ က ပေ ရ နောင် မြို့ တွင် နေ ထိုင် တော် မူ၏။ 14-16ထို သို့ နေ တော် မူ သည် မှာ ဇာ ဗု လုန် နယ် နဿ လိ နယ် များ ယော် ဒန် မြစ် တစ် ဖက်၊ ပင် လယ် နား တစ် လျှောက် လူ မျိုး ခြား တို့ နေ ရာ အို ဂါ လိ လဲ ပြည် မှောင် မိုက်၌ ထိုင် နေ ရ သော လူ မျိုး သည် ကြီး စွာ သော အ လင်း ကို မြင် ရ၍ သေ မင်း အ ရိပ် လွှမ် မိုး ရာ အ ရပ် တွင် ထိုင် နေ ရ သူ တို့ အ ပေါ်၌ လည်း၊ အ လင်း တောက် ပ လေ ပြီ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ 17ထို အ ခါ မှ စ၍ ယေ ရှု က နောင် တ ရ ကြ လော့။ ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ဟော တော် မူ၏။
18ဂါ လိ လဲ အိုင် နား ကြွ သွား တော် မူ စဉ် ပေ တ ရု ခေါ် ရှိ မုန် နှင့် အ န္ဒြေ ညီ အစ် ကို တို့ သည် တံ ငါ ဘာ ဝ အိုင် တွင် ပိုက် ချ လျက် နေ သည် ကို မြင် သော်၊ 19ကိုယ် တော် က ငါ့ နောက် လိုက် ကြ လော့။ သင် တို့ ကို လူ ဖမ်း သော တံ ငါ ဖြစ် စေ မည် ဟု မိန့် တော် မူ သည့် ကာ လ၊ 20ထို သူ တို့ သည် ပိုက် များ ကို ထား ခဲ့ ပြီး လျှင် ချက် ခြင်း နောက် တော် က လိုက် ကြ ၏။ 21ထို အ ရပ် မှ ကြွ တော် မူ သော် အ ခြား ညီ အစ် ကို ဖြစ် သူ ဇေ ဗေ ဒဲ့ သား ယာ ကုပ်၊ ယော ဟန် တို့ သည် အ ဘ ဇေ ဗေ ဒဲ နှင့် အ တူ လှေ ထဲ၌ ပိုက် ဖာ လျက် နေ သည် ကို မြင် သ ဖြင့် ခေါ် တော် မူ၍ အ ဘ နှင့် လှေ ကို ထား ခဲ့ ပြီး လျှင် 22ချက် ခြင်း နောက် တော် က လိုက် ကြ ၏။
23ကိုယ် တော် သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် ပြည် သူ ပြည် သား တို့ အ လယ် တွင် နိုင် ငံ တော် ဆိုင် ရာ သတင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် ဂါ လိ လဲ နယ် တစ် ဝှမ်း လုံး ကို လှည့် လည် တော် မူ၏။ 24ကိုယ် တော့် အ ကြောင်း သ တင်း သည် ရှု ရိ ပြည် လုံး နှံ့ ကြေ ငြာ သ ဖြင့် နတ် ဆိုး ပူး သူ၊ ဝက် ရူး စွဲ သူ၊ သွက် ချာ ပါ ဒ ရောက် သူ တို့ နှင့် တ ကွ ရော ဂါ ဝေ ဒ နာ အ ထူး ထူး အ ထွေ ထွေ ကပ် ရောက် သော သူ နာ ရှိ သ မျှ တို့ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် ကျန်း မာ စေ တော် မူ ၏။ 25ဂါ လိ လဲ နယ်၊ ဒေ က ပေါ လိ နယ်၊ ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ယော် ဒန် မြစ် တစ် ဖက် မှ များ စွာ သော လူ ပ ရိ သတ် တို့ လည်း နောက် တော် က လိုက် ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 4: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 4 အကြောင်း ဗီဒီယိုများ