မာ~လ~ခိ~ကျမ်း။ 4
4
1အ သို့ ဆို သော်၊ မီး ဖို ကဲ့ သို့ ပူ လောင် သော ထို နေ့ ရက် သည် ရောက် လာ သ ဖြင့်၊ ရိုး ပြတ် သ ဖွယ် ဖြစ် အံ့ သော မာ န ကြီး သူ တို့ နှင့် ဆိုး သွမ်း စွာ ပြု ကျင့် သူ ရှိ သ မျှ တို့ ကို၊ အ ခက် အ လက် အ ခြေ အ မြစ် မ ကျန်၊ ကျွမ်း လောင် လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 2နာ မ တော် ကို ခန့် ညား သော သင် တို့၌ မူ ကား၊ အောင် မြင် သော နေ မင်း သည်၊ ကု သ ခြင်း ရောင် ခြည် ကို လွှတ် သ ဖြင့်၊ တင်း ကုပ် လှောင် နွား သား ငယ် များ ကဲ့ သို့၊ သင် တို့ ထွက် သွား မြူး ထူး လျက်၊ 3ငါ စီ ရင် ခြင်း နေ့ ရက်၌ သင် တို့ ခြေ့ အောက် ပြာ မုန့် သ ဖွယ် ဖြစ် အံ့ သော ထို မ သူ တော် တို့ ကို နင်း ချေ ကြ ရ လတ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
4ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ ဟော ရပ် တောင်၌၊ ကျွန် တော် ရင်း မော ရှေ အား၊ ငါ မှာ ထား ခဲ့ သော ထုံး ဖွဲ့ ချက် ဆုံး ဖြတ် ချက် ဖြစ် သော၊ ပ ညတ် တ ရား ကို သ တိ ရ ကြ လော့။ 5ငါ ထာ ဝ ရ ဘု ရား၏ ကြောက် မက် ဖွယ် နေ့ တော် ကြီး မ တိုင် မီ၊ ပ ရော ဖက် ဧ လိ ယ ကို သင် တို့ ထံ ငါ စေ လွှတ် မည့် အ လျောက်၊ 6ငါ ကြွ လာ၍ ပြည် တော် ကို မြေ လှန် ခြင်း ဘေး ဒဏ် မ ခတ် ရ စေ ခြင်း ငှာ၊ အ ဖ တို့ နှင့် သား တို့ ကို အ ချင်း ချင်း သ ဘော တူ စေ မည် ဟူ၍ တည်း။
လက်ရှိရွေးချယ်ထားမှု
မာ~လ~ခိ~ကျမ်း။ 4: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.