မာ~လ~ခိ~ကျမ်း။ 3
3
1ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ နား ထောင် ကြ ဦး။ ငါ သွား ရာ လမ်း ကို ရှင်း လင်း မည့် ရှေ့ တော် ပြေး တ မန် တော် ကို၊ ငါ စေ လွှတ် မည့် အ တိုင်း၊ သင် တို့ ရှာ ဖွေ သော အ ရှင် ဘု ရား၊ သင် တို့ နှစ် သက် သော ပ ဋိ ညာဉ် ဆိုင် ရာ တ မန် တော် သည်၊ ကိုယ့် ဗိ မာန် တော် သို့ ရုပ် ခြင်း ကြွ ရောက် မည် ဟု မိန့် တော် မူ၏။ 2ကြွ ရောက် မည့် နေ့ ကို ခံ ရပ် သူ၊ ပေါ် ထွန်း သော ကာ လ၌ ရပ် တန့် သူ ကား၊ မည် သူ နည်း။ ချွတ် သော မီး၊ လျှော် သော ဆပ် ပြာ သ ဖွယ် ဖြစ် သော ကိုယ် တော် သည်၊ ငွေ ချွတ် ၍ လှော် သူ အ ဖြစ် ထိုင် နေ လျက်၊ 3လေ ဝိ ဂိုဏ်း သား တို့ ကို၊ ရွှေ ငွေ ကဲ့ သို့ ချွတ် လှော် သ ဖြင့်၊ ၎င်း တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ အ လှူ များ ကို၊ ဖြောင့် မတ် စွာ ဆက် ကပ် ကြ မည့် အ လျောက်၊ 4ယေ ရု ရှ လင် မြို့ သူ၊ ယု ဒ ပြည် သား တို့ အ လှူ သည်၊ ရှေ့ အ ထက် ကျော် ကာ လ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ ဖွယ် ဖြစ် ဦး မည်။ 5ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် တ ရား စီ ရန် ချဉ်း လာ လျက်၊ ငါ့ ကို မ ခန့် ညား ဘဲ စုန်း တတ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ မု သာ ကျိန် ဆို သူ၊ သူ ရင်း ခ မ ပေး သူ၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ကို ညှဉ်း ပန်း သူ၊ ဝင် နေ ကပ် ပါး ကို အ လွဲ စီ ရင် သူ တို့ တစ် ဘက်၌၊ အ လျင် အ မြန် သက် သေ ခံ မည်။ 6အို ယာ ကုပ် အ မျိုး သား တို့၊ ငါ ထာ ဝ ရ ဘု ရား သည် ပြောင်း လဲ ခြင်း ကင်း သော ကြောင့် သာ၊ သင် တို့ မ ကုန် မ ဆုံး ကြ ချေ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
7ဘိုး ဘေး တို့ နေ့ ရက် ကာ လ မှ စ၍၊ သင် တို့ သည် ငါ၏ ထုံး ဖွဲ့ ချက် များ ကို မ စောင့် ရှောက် ဘဲ၊ လွှဲ သွား ခဲ့ ကြ လေ စွ။ ငါ့ ထံ သို့ ပြန် လာ ကြ လော့။ ငါ လည်း သင် တို့ ထံ ပြန် ကြွ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ရာ၌၊ သင် တို့ က၊ မည် သည့် အ ကြောင်း ကြောင့်၊ ပြန် လာ ရ မည် နည်း ဟု ငြင်း ဆို ကြ သည် တ ကား။ 8ငါ့ ကို တွန့် တို ကြ သည် မှာ၊ လူ သည် ဘု ရား သ ခင် ကို တွန့် တို ဝံ့ မည် လော။ မည် သည့် ဥ စ္စာ နှင့် တွန့် တို ဘိ သ နည်း ဟု မေး ကြ လျှင်၊ ဆယ် ဖို့ တစ် ဖို့ အ လှူ၊ မြှောက် ဆက် ရာ အ လှူ များ နှင့် တည်း။ 9တစ် မျိုး လုံး သည် ငါ့ ကို တွန့် တို သည့် အ တွက်၊ ကျိန် ဆို ခဲ့ သော အ မင်္ဂ လာ ကို ခံ ရ ကြ လေ စွ။ 10ဗိ မာန် တော်၌ ရိ က္ခာ တော် ရှိ စေ ခြင်း ငှာ၊ ဆယ် ဖို့ တစ် ဖို့ အ လှူ ရှိ သ မျှ ကို၊ ကြက် သ ရေ တိုက် တွင်း သို့ တင် သွင်း က၊ ငါ လည်း မိုး ကောင်း ကင် ပြွန် ဝ များ ကို ဖွင့် လျက်၊ သင် တို့ အ ပေါ် တွင်၊ မ ကုန် နိုင် သော မင်္ဂ လာ သွန်း လောင်း တော် မူ မည် မ မူ မည် ကို စုံ စမ်း ကြ လော့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 11သင် တို့ မြေ ထွက် အ သီး အ နှံ မ ပျက်၊ ခြံ ရှိ စ ပျစ် ပင် မ သုန်း ရ စေ ခြင်း ငှာ၊ ပိုး စား ဘေး ကို လည်း၊ ငါ ကန့် ကွက် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 12နေ ပြည် လည်း၊ နှစ် သက် ဖွယ် ဖြစ် မည် အ လျောက်၊ လူ မျိုး တ ကာ တို့ က၊ သာ ယာ သည် ဟူ၍ ခေါ် ရ ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
13သင် တို့ သည် ငါ့ ကို တော် လှန် တိုင် ပင် ကြ သည် တ ကား ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ရာ၌၊ မည် သည့် စ ကား ဖြင့်၊ တော် လှန် တိုင် ပင် ဘိ သ နည်း ဟု ငြင်း ဆို ကြ လျှင်၊ 14ဘု ရား သ ခင် ကို ဝတ် ပြု ခြင်း သည် အ ချည်း နှီး ဖြစ်၏။ အ မှု တော် ကို ဆောင် ရွက် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင်၊ ငေး ငေး မှိုင် မှိုင် သွား လာ သော ငါ တို့၌၊ မည် သည့် အ ကျိုး ရှိ သ နည်း။ 15ယ ခု ကာ လ၊ ငါ တို့ သည်၊ မာ န ကြီး သူ တို့ ကို ချီး မွမ်း ရ သည့် ပြင်၊ ဆိုး သွမ်း စွာ ပြု ကျင့် သူ တို့ လည်း၊ တည် တံ့ ခွင့် ရ၍၊ ဘု ရား သ ခင် ကို စုံ စမ်း လျက် ပင် ဘေး လွတ် ရ ကြ သည် တ ကား ဟု၊ သင် တို့ ဆို ခြင်း ဖြင့် တည်း။ 16ထို ကာ လ၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သူ တို့ တိုင် ပင် ကြ ရာ၊ ထာ ဝ ရ ဘု ရား သည်၊ နား ညောင်း နား စိုက် တော် မူ သည့် အ တိုင်း၊ ကိုယ် တော် ကို ခန့် ညား သူ၊ နာ မ တော် ကို ထောက် ထား သူ တို့ မှတ် စာ တန်း ကို၊ ရှေ့ တော် တွင် ရေး တင် စေ တော် မူ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ 17ငါ စီ ရင် ခြင်း နေ့ ရက်၌၊ ထို သူ တို့ သည် ငါ့ ပိုင် ရာ တော် ဖြစ် လျက်၊ အ စေ ခံ သော သား ကို၊ လူ တို့ ညှာ တာ သည့် နည်း တူ၊ ငါ ညှာ တာ သ ဖြင့်၊ 18သူ တော် ကောင်း နှင့် မ သူ တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင် အား ဝတ် ပြု သူ နှင့် မ ပြု သူ့ ကိုလည်း ကောင်း၊ သင် တို့ စိတ် ပြောင်း၍ ပိုင်း ခြား သိ မြင် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
လက်ရှိရွေးချယ်ထားမှု
မာ~လ~ခိ~ကျမ်း။ 3: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.