ဟ~ဗ~က္ကုတ်~ကျမ်း။ 2
2
1ထို လဲ လျှောက် ချက် နှင့် စပ် လျဉ်း၍ မည် သို့ မိန့် ဆို တော် မူ မည် ကို လည်း ကောင်း၊ ငါ လည်း မည် သို့ တုံ့ ပြန် မည် ကို လည်း ကောင်း၊ သိ မြင် ရန်၊ ကိုယ့် မျှော် စင် ပေါ် တွင် တည် နေ လျက်၊ 2ကင်း စင် ပေါ် တွင် ရပ် တန့် လျက် ငါ ရှိ စဉ်၊ ထာ ဝ ရ ဘု ရား က၊ ရူ ပါ ရုံ ဗျာ ဒိတ် တော် ကို အ သော့ ဖတ် ရွတ် နိုင် စေ ခြင်း ငှာ၊ သင် ပုန်း တွင် ရှင်း လင်း စွာ အ က္ခ ရာ တင် လော့။ 3ထို ရူ ပါ ရုံ သည်၊ ချိန်း ချက် သော ကာ လ၌၊ အ ထ မ မြောက် ခြင်း ကင်း လျက် လျင် မြန် စွာ ပြီး စီး လိမ့် မည်။ ဖင့် နွှဲ့ သော် လည်း စောင့် မြော် လော့။ နောက် မ ကျ ဘဲ အ တည် ဖြစ် လိမ့် မည် ဟု၊ တုံ့ ပြန်၍ ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ ဖြောင့် မတ် သူ သည်၊ 4သ စ္စာ စောင့် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း၊ ထို လူ မျိုး ကား၊ စိတ် သ ဘော မ ဖြောင့် မ မှန် ဘဲ မောက် မာ လျက်၊ 5သ စ္စာ ပျက် စေ သော စ ပျစ် ရည် အ လိုက်၊ နေ ရာ ရင်း ၌ မ နေ ဘဲ ထောင် လွှား တတ် သော သူ၊ သေ မင်း ကဲ့ သို့ မ ရ ဏာ့ နိုင် ငံ နှင့် အမျှ ဝမ်း ကျယ် လျက် ချင် ရဲ မ ပြေ သော သူ၊ လူ မျိုး တ ကာ တို့ ကို စု ရုံး သိမ်း သွား သော သူ များ ဖြစ် ကြ သည် တ ကား။ ထို လူ မျိုး တ ကာ တို့ သည်၊ 6ပြက် ရယ် ရာ တေး၊ သ ရော် ရာ စ ကား ဝှက် ကို ဖွဲ့ ဆို ကြ မည် မ ဟုတ် လော။ ၎င်း တို့ က၊ ကိုယ် မ ပိုင် ရာ အ မြောက် အ မြား ကို လု ယက် လျက်၊ အ ပေါင် ခံ ဝန် ကို ထမ်း ဆောင် သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ မည် မျှ ကြာ ဦး မည် နည်း။ 7သင့် ကို လု ယူ ရာ ဥ စ္စာ အ ဖြစ် ထား လျက်၊ အ တိုး စား သူ၊ အ ရိုး တုန် သူ တို့ သည်၊ ရှောင် တ ခင် ထ ကြွ ပေါ် ထွန်း ကြ မည် မ ဟုတ် လော။ 8လူ တို့၏ သွေး သွန်း မှု၊ နေ ပြည် နှင့် မြို့ ရွာ မှ စ၍ နေ ထိုင် သ မျှ သော သူ တို့၌ ပြု ခဲ့ သည့် ကြမ်း ကြုတ် မှု အ တွက် လည်း ကောင်း၊ မြောက် မြား သော လူ မျိုး တို့ အား ပြု ခဲ့ သော လု ယက် မှု အ တွက် လည်း ကောင်း၊ ထို လူ မျိုး များ၏ အ ကြွင်း အ ကျန် တို့ သည်၊ သင်၌ လု ယက် မှု ကို တုံ့ ပြန် ရ ကြ လ တ္တံ့။
9ဘေး လွတ် ရန် အ ကြံ နှင့်၊ မြင့် ရာ အ ရပ်၌ သိုက် မြုံ လုပ် ရ အံ့ သော ငှာ ကိုယ့် အ ဆက် အ နွယ် အ ကျိုး အ ဖို့၊ မ တ ရား လု ယက် ယူ ငင် သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ 10မြောက် မြား သော လူ မျိုး တို့ ကို ပယ် ရှား ရာ၌၊ သင် သည် ကိုယ့် အ ဆက် အ နွယ် အ ကျိုး ယုတ် ကြံ ဆောင် ရာ၊ ကိုယ့် အ သက် အ န္တ ရာယ် ရှာ ကြံ ရန် ရောက် ခဲ့ လေ စွ။ 11တိုက် အိမ် နံ ရံ ရှိ ကျောက် သည် ဟစ် ခြင်း၊ ခေါင် ရှိ ဒိုင်း ကျား လည်း ထောက် ခံ ခြင်း ကို ပြု လိမ့် တ ကား။
12မြို့ ကို သွေး သွန်း မှု နှင့် တည် လျက်၊ ရွာ ကို ဒု စ ရိုက် မှု နှင့် ထောင် သော သင် သည်၊ အ မင်္ဂ လာ ရှိ ၏။ 13လူ မျိုး များ သည် မီး လောင် စာ အ တွက် လည်း ကောင်း၊ လူ စု တို့ သည် အ ချည်း အ နှီး အ တွက် လည်း ကောင်း၊ ပင် ပန်း စွာ လုပ် ကိုင် ကြ သည့် အ ကြောင်း ကား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် သည် မ ဟုတ် လော။ 14ရေ သည် သ မု ဒ္ဒ ရာ ပေါ် မှာ လွှမ်း သ ကဲ့ သို့၊ မြေ ကြီး လည်း ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ကို သိ ကျွမ်း ခြင်း နှင့် ပြည့် လျက် ရှိ လိမ့် တ ကား။
15ပြည် နီး ချင်း တို့ အ ဝတ် အ ချည်း စည်း အ ဖြစ် ကို ရှု ကြည့် ရ အံ့ သော ငှာ၊ မူး ယစ် သည့် တိုင် အောင်၊ ကိုယ့် ဒေါ သ အ မျက် နှင့် ရော စပ် သည့်၊ ကိုယ့် အ ရည် ကို တိုက် သော သင် သည်၊ အ မင်္ဂ လာ ရှိ ၏။ 16သင် လည်း အ သ ရေ အ စား အ ရှက် နှင့် ပြည့် ဝ လိမ့် မည်။ မ လှီး ဖြတ် ခြင်း အ ဖြစ် ထင် ရှား ၍၊ အ သ ရေ ပေါ် တွင် အ ရှက် လွှမ်း မိုး သည့် တိုင် အောင်၊ ညာ လက် နှင့် လွှဲ တိုက် တော် မူ မည့်၊ ထာ ဝ ရ ဘု ရား၏ ဖ လား တော် ကို သောက် လေ တော့။ 17လူ တို့၏ သွေး သွန်း မှု၊ နေ ပြည် နှင့် မြို့ ရွာ မှ စ၍ နေ ထိုင် သ မျှ သော သူ တို့၌ ပြု ခဲ့ သည့် ကြမ်း ကြုတ် မှု အ တွက်၊ သင် သည် လေ ဗ နုန် တော၌ ပြု ခဲ့ သော ကြမ်း ကြုတ် ခြင်း ကို လွှမ်း ခြုံ လျက်၊ သား ယဉ် သား ရဲ တို့၌ ပြု ခဲ့ သည့် အ တိုင်း ပျက် စီး ခြင်း ကြောင့်၊ ထိတ် လန့် ရ လိမ့် မည်။
18ရုပ် ပွား သည်၊ ထု လုပ် သော ပန်း ပု ကိုယ် ၌ လည်း ကောင်း၊ ဆင်း တု နှင့် မိ စ္ဆာ ဟော ဘု ရား တို့ သည်၊ စ ကား မ ပြော နိုင် သော အ ရာ များ ကို အား ကိုး ၍ သွန်း လုပ် သော ပန်း တည်း၌ လည်း ကောင်း မည် သည့် အ ကျိုး ပေး နိုင် သ နည်း။ 19သစ် ရုပ် တု အား နိုး လော့ ဟူ၍ လည်း ကောင်း၊ စ ကား မ ပြော နိုင် သော ကျောက် ရုပ် တု အား ထ လော့ ဟူ၍ လည်း ကောင်း၊ လျှောက် ဆို သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ အ ဇ္စျ တ္တ ၌ သက် ဇီ ဝ မ ရှိ ဘဲ၊ ရွှေ ငွေ နှင့် မွမ်း မံ သော ထို အ ရာ သည် ဩ ဝါ ဒ ပေး နိုင် သ လော။ 20သန့် ရှင်း သော ဗိ မာန် တော် ၌ မူ ကား၊ ထာ ဝ ရ ဘု ရား စံ နေ တော် မူ ၏။ အ ချင်း မြေ တစ် ပြင် လုံး၊ ရှေ့ တော် တွင် ဆိတ် ဆိတ် နေ လော့ ဟု ဖွဲ့ ဆို ကြ မည် ဟူ ၍ တည်း။
လက်ရှိရွေးချယ်ထားမှု
ဟ~ဗ~က္ကုတ်~ကျမ်း။ 2: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.