တ~မန်~တော်~ဝ~တ္ထု။ 9
9
1ရှော လု မူ ကား အ ရှင် ဘု ရား၏ တ ပည့် တော် တို့ အ ပေါ် တွင် ကြိမ်း မောင်း ခြင်း၊ လုပ် ကြံ ခြင်း များ ကို ရှု ရှိုက် သေး သည့် အ လျောက်၊ 2ပ ရော ဟိတ် မင်း ထံ ဝင်၍ မဂ် လမ်း တော် လိုက် သူ မည် သည့် ယောက်ျား မိန်း မ မ ဆို တွေ့ လျှင် ချည် နှောင် လျက် ယေ ရု ရှ လင် မြို့ သို့ ယူ လာ ခွင့် ရ ရန် ဒ မာ သက် မြို့ ရှိ အ စည်း အ ဝေး များ သို့ အ မိန့် စာ တောင်း လေ၏။ 3သွား၍ ဒ မာ သက် မြို့ အ နီး သို့ ရောက် သော် သူ့ ပတ် လည် တွင် ကောင်း ကင် မှ အ လင်း ရုတ် တ ရက် တောက် ပ သ ဖြင့်၊ 4မှောက် လဲ ရာ၊ ရှော လု၊ ရှော လု၊ ငါ့ ကို အ ဘယ် ကြောင့် ညှဉ်း ပန်း သ နည်း ဟူ သော ဗျာ ဒိတ် တော် သံ ကို ကြား လျှင်၊ 5ရှော လု က မည် သူ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော်၊ ငါ ကား သင် ညှဉ်း ပန်း သော ယေ ရှု ပင် တည်း။ 6သို့ ရာ တွင် ထ၍ မြို့ တွင်း သို့ ဝင် လော့။ သင် ပြု ရ မည့် အ မှု ကို ကြား ပြော စေ မည် ဟု မိန့် တော် မူ ပြန် သည့် ကာ လ၊ 7ခ ရီး သွား ဖော် တို့ သည် ထို အ သံ ကို ကြား လျက်၊ မည် သူ့ ကို မျှ မ မြင် ဘဲ အံ့ အား သင့် လျက် ရပ် နေ ကြ၏။ 8ရှော လု လည်း လဲ ရာ မှ ထ၍ မျက် စိ ဖွင့် ကြည့် သော် မည် သည် ကို မျှ မ မြင် ရ သ ဖြင့် ဒ မာ သက် မြို့ တွင်း သို့ လက် ဆွဲ လျက် ခေါ် လာ ကြ ပြီး နောက်၊ 9သုံး ရက် တိုင် တိုင် စ က္ခု အ လင်း ကွယ်၍ မ စား မ သောက် ဘဲ ရှိ နေ လေ၏။
10ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊ 11အ ရှင် ဘု ရား က ထ၍ လမ်း ဖြောင့် ခေါ် ကြား လမ်း သို့ သွား ပြီး လျှင် ယု ဒ အိမ် တွင် တာ ရှု မြို့ သား ရှော လု ကို မေး လော့။ 12ထို သူ သည် ယ ခု ပ ဌ နာ ပြု လျက် ရှိ နေ ရာ အာ န နိ ဆို သူ ဝင် လာ၍ မျက် စိ မြင် ပြန် စေ ရန် လက် တင် သည် ကို မြော် မြင် ရ ပြီ ဟု မိန့် တော် မူ၏။ 13သို့ ရာ တွင် အာ န နိ က အ ရှင် ဘု ရား၊ ထို သူ သည် ယေ ရု ရှ လင် မြို့ ရှိ ကိုယ် တော် သီး သန့် ထား သူ တို့ အ ပေါ် တွင် မည် မျှ မ ကောင်း ပြု ကြောင်း အ များ ထံ မှ ကြား သိ ရ ပါ သည်။ 14ဤ မြို့ တွင် လည်း အ ရှင့် နာ မ တော် အား ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ ကို ချည် နှောင် ရန်၊ ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် အာ ဏာ ရ ရှိ သူ ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊ 15အ ရှင် ဘု ရား က သွား လော့။ ထို သူ သည် လူ မျိုး ခြား တို့ ရှေ့၊ ဘု ရင် မင်း တို့ ရှေ့၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ နာ မ ကို ဆင့် ရွက် စေ ရန် ငါ ရွေး ကောက် သော အ သုံး အ ဆောင် တော် ဖြစ် သည်။ 16ငါ့ နာ မ အ တွက် ခံ ရ သ မျှ သော ဆင်း ရဲ ဒု က္ခ ကို သူ့ အား ငါ ပြ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ 17အာ န နိ ထွက် သွား၍ ထို အိမ် သို့ ဝင် ပြီး လျှင် လက် တင် လျက် ညီ ရှော လု၊ ခ ရီး အ ကြား ထင် ရှား တော် မူ ခဲ့ သော ယေ ရှု အ ရှင် ဘု ရား သည် သင့် မျက် စိ မြင် ပြန် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် ပြီ ဟု ဆို လျှင် ဆို ချင်း၊ 18ရှော လု မျက် စိ မှ အ ကြေး သ ဖွယ် ကွာ ကျ သ ဖြင့် မြင် ပြန် သော အ ခါ ထ၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင်၊ 19အ စာ အာ ဟာ ရ သုံး ဆောင် လျက် အား ဖြည့် လေ၏။
ထို့ နောက် ရှော လု သည် ဒ မာ သက် မြို့ ရှိ တ ပည့် တော် တို့ နှင့် နေ့ ရက် အ နည်း ငယ် နေ လျက်၊ 20ဓ မ္မာ ရုံ များ တွင် ယေ ရှု သည် ဘု ရား သ ခင့် သား တော် မှန် ကြောင်း အ ဆော တ လျင် ကြော် ငြာ ရာ၊ 21ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။ 22ရှော လု မှာ မူ ခွန် အား တိုး တက် လျက် ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ထင် ရှား စွာ ဖော် ပြ သ ဖြင့် ဒ မာ သက် မြို့ နေ ယု ဒ လူ မျိုး တို့ စိတ် ရှုပ် ထွေး လျက် နေ ကြ၏။
23ကာ လ ရှည် ကြာ သော် သူ့ ကို ကွပ် မျက် ရန် ယု ဒ လူ မျိုး တို့ တိုင် ပင် ကြ ရာ၊ 24ထို အ ကြံ ကို ရှော လု ကြား သိ သ ဖြင့် ကွပ် မျက် ခွင့် ရ ရန်၊ နေ့ ညဉ့် မ ပြတ် မြို့ တံ ခါး များ တွင် စောင့် နေ ကြ သော် လည်း၊ 25သူ့ တ ပည့် တို့ ခေါ် သွား၍ ညဉ့် အ ခါ တောင်း ဖြင့် မြို့ ရိုး က လျှော ချ ကြ၏။
26ယေ ရု ရှ လင် မြို့ သို့ ရောက် လာ သော် ရှော လု သည် တ ပည့် တော် တို့ နှင့် ပေါင်း သင်း မည် ပြု ရာ တ ပည့် တော် ဖြစ် ကြောင်း ကို မ ယုံ သ ဖြင့် ရှိ သ မျှ တို့ ကြောက် ရွံ့ ကြ၏။ 27သို့ ရာ တွင် ဗာ န ဗ သည် ရှော လု ကို တ မန် တော် တို့ ထံ ခေါ် သွင်း၍ အ ရှင် ဘု ရား ကို လမ်း တွင် ဖူး မြင် လျက်၊ ဗျာ ဒိတ် တော် ကို ခံ ရ ကြောင်း၊ ဒ မာ သက် မြို့၌ ယေ ရှု၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ကြောင်း များ ကို ကြား ပြော ပြီး မှ၊ 28ရှော လု သည် ယေ ရု ရှ လင် မြို့ တွင် တ မန် တော် တို့ နှင့် ဝင် ထွက် လျက် အ ရှင် ဘု ရား၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ပြော လျက် နေ ၏။ 29ဟေ လေ နစ် ယု ဒ လူ မျိုး တို့ နှင့် လည်း ဆွေး နွေး ငြင်း ခုန် သော် ကွပ် မျက် ရန် ထို သူ တို့ ကြံ စည် ကြောင်း ကို ညီ အစ် ကို တို့ ကြား သိ သ ဖြင့်၊ 30ကဲ သ ရိ မြို့ ရောက် ရှော လု ကို ခေါ် သွား ပြီး လျှင် တာ ရှု မြို့ သို့ လွှတ် လိုက် ကြ၏။
31ထို ကာ လ အ သင်း တော် သည် ယု ဒ၊ ဂါ လိ လဲ၊ ရှ မာ ရိ နယ် များ တ လျှောက် တွင် ငြိမ်း ချမ်း သာ ယာ လျက်၊ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် ထံ အ သ နား ခံ ခြင်း များ၌ ကျင် လည်၍ တည် ဆောက် တိုး ပွား ရ၏။
32ပေ တ ရု သည် ဒေ သ စာ ရီ လှည့် လည် စဉ် လု ဒ မြို့ နေ သီး သန့် ထား သူ တို့ ထံ ရောက် သော်၊ 33ရှစ် နှစ် တိုင် သွက် ချာ ပါ ဒ စွဲ၍ အိပ် ရာ တွင် ပက် လက် နေ ရ သော အဲ နေ ဆို သူ ကို တွေ့ ရာ၊ 34အို အဲ နေ၊ ယေ ရှု ခ ရစ် သည် သင့် ကို ကျန်း မာ စေ တော် မူ၏။ ထ၍ အိပ် ရာ ပြင် လော့ ဟု ဆို သည့် အ တိုင်း ချက် ခြင်း ထ သ ဖြင့်၊ 35လု ဒ မြို့ မှ စ၍ ရှာ ရုန် နယ် သူ နယ် သား အ ပေါင်း တို့ သည် ထို သူ့ ကို မြင်၍ အ ရှင် ဘု ရား ထံ လှည့် ဝင် ကြ၏။
36ထို အ ခါ ယု ပ္ပေ မြို့ တွင် စွန့် ကြဲ ပေး ကမ်း ခြင်း မှ စ၍ ကောင်း သော အ ကျင့် အ မျိုး မျိုး နှင့် ပြည့် စုံ သူ ဒေါ် ကာ ဟု ဆို လို သော တ ဗိ သ ခေါ် တ ပည့် တော် မ တစ် ယောက် သည်၊ 37နာ၍ သေ လွန် သော် ရေ ချိုး လျက် အ ထက် ခန်း တွင် ပြင် ထား ကြ ပြီး လျှင်၊ 38ယု ပ္ပေ မြို့ နှင့် နီး သော လု ဒ မြို့၌ ပေ တ ရု ရှိ ကြောင်း ကို တ ပည့် တော် တို့ ကြား သိ သည့် ကာ လ၊ ကျွန် တော် တို့ ထံ မ ဖင့် မ နွဲ့ ကြွ ခဲ့ တော် မူ ပါ ဟု လူ နှစ် ယောက် စေ လွှတ် ပင့် ခေါ် ကြ သည့် အ တိုင်း၊ 39ပေ တ ရု ထ၍ အ တူ လိုက် လာ၏။ ရောက် သော် အ ထက် ခန်း သို့ ပင့် ခေါ် ကြ သ ဖြင့် မု ဆိုး မ ရှိ သ မျှ တို့ သည် ငို ကြွေး လျက် သူ တို့ နှင့် အ တူ ရှိ စဉ် ဒေါ် ကာ ချုပ် လုပ် ခဲ့ သော အင်္ကျီ နှင့် အ ထည် များ ကို ပြ လျက် ရပ် နေ ကြ ရာ၊ 40ပေ တ ရု သည် ရှိ သ မျှ ကို ပြင် သို့ ထုတ်၍ ဒူး ထောက် လျက် ပ ဌ နာ ပြု ပြီး လျှင် အ လောင်း ဘက် သို့ လှည့် လျက် တ ဗိ သ၊ ထ လော့ ဟု ဆို သည့် အ တိုင်း မျက် စိ ဖွင့်၍ ပေ တ ရု ကို မြင် သော် ထ ထိုင် လေ ၏။ 41ပေ တ ရု လည်း လက် ကမ်း၍ ထူ ပြီး လျှင် သီး သန့် ထား သူ တို့ နှင့် မု ဆိုး မ တို့ ကို ခေါ် လျက် အ သက် ရှင် သော ထို မိန်း မ ကို အပ် လိုက် ရာ၊ 42ယု ပ္ပေ တစ် မြို့ လုံး ကြား သိ၍ အ များ သော သူ တို့ သည် အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။ 43ပေ တ ရု သည် ယု ပ္ပေ မြို့ တွင် သား ရေ နယ် ဆ ရာ ရှိ မုန် ဆို သူ နှင့် နေ့ ရက် များ စွာ နေ ထိုင် လေ၏။
လက်ရှိရွေးချယ်ထားမှု
တ~မန်~တော်~ဝ~တ္ထု။ 9: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.