တ~မန်~တော်~ဝ~တ္ထု။ 6
6
1ထို ကာ လ တ ပည့် တော် များ တိုး ပွား လျက် ရှိ စဉ် ဟေ လ နစ် ယု ဒ လူ မျိုး တို့ သည် နေ့ တိုင်း လုပ် ကျွေး မှု တွင် ဆိုင် ရာ မု ဆိုး မ တို့ လစ် လပ် သည် ဟူ၍ ဟေ ဗြဲ လူ မျိုး ရင်း တို့ အ ပေါ် တွင် ညည်း ညူ ကြ သော်၊ 2တ ပည့် တော် ပ ရိ သတ် ကို ခေါ်၍ တစ် ဆယ့် နှစ် ပါး တို့ က ငါ တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို လှပ် ထား ပြီး လျှင် လုပ် ကျွေး မှု ကို မ ဆောင် သင့်။ 3ထို့ ကြောင့် ညီ အစ် ကို တို့၊ သင် တို့ အ နက် ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ဉာဏ် နှင့် လည်း ကောင်း ပြည့် စုံ လျက်၊ အ သ ရေ ကောင်း သူ ခု နစ် ယောက် ကို ရှာ ကြ လော့။ ထို အ မှု ဆောင် ရန် ခန့် ထား မည်။ 4ငါ တို့ မူ ကား ပ ဌ နာ မှု၊ တ ရား တော် ဟော ပြော မှု များ ကို ဆောင် မြဲ ဆောင် လိမ့် မည် ဟု ပြော ဆို သော စ ကား ကို၊ 5ပ ရိ သတ် လုံး နှစ် သက် သ ဖြင့် ယုံ ကြည် ခြင်း နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ပြည့် သူ သ တေ ဖန် မှ စ၍ ဖိ လိ ပ္ပု၊ ပြော် ခေါ် ရု၊ နိ က နော်၊ တိ မုန်၊ ပါ မေ န နှင့် အ န္တိ အုတ် မြို့ သား ယု ဒ ဘာ သာ ဝင် သူ နိ ကော လ တို့ ကို ရွေး ကောက် ၍၊ 6တ မန် တော် တို့ ရှေ့ သွင်း ထား ကြ သည့် အ တိုင်း ပ ဌ နာ ပြု ပြီး လျှင် ထို သူ တို့ အ ပေါ် တွင် လက် တင် ကြ၏။
7ဘု ရား သ ခင့် တ ရား တော် ထွန်း ကား လျက် ယေ ရု ရှ လင် မြို့ တွင် တ ပည့် တော် အ ရေ အ တွက် အ လွန် တိုး တက် လျက် များ စွာ သော ပ ရော ဟိတ် တို့ ပင် ယုံ ကြည် ခြင်း တ ရား တော် ကို လိုက် နာ ကြ ၏။
8ထို့ နောက် သ တေ ဖန် သည် ကျေး ဇူး တော်၊ တန် ခိုး တော် နှင့် ပြည့် လျက် ပြည် သူ ပြည် သား တို့ တွင် ကြီး စွာ သော အံ့ ဖွယ် ရာ များ၊ နိ မိတ် လ က္ခ ဏာ များ ကို ပြု မူ ပြ သ လေ ၏။ 9ထို အ ခါ လူ လွတ် များ ဟု တွင် သော အ သင်း သား တို့ မှ စ၍ ကု ရေ နေ နှင့် အာ လေ ဇ န္ဒြိ ယ မြို့ သား၊ ကိလိ ကိ နှင့် အာ ရှိ ပြည် သား အ ချို့ သည် ထ ရပ်၍ သ တေ ဖန် နှင့် ငြင်း ခုံ ကြ ရာ၊ 10သ တေ ဖန် ဟော ပြော စဉ် အ မှီ ပြု သော ဉာဏ် နှင့် ဝိ ညာဉ် တော် ကို မ ရပ် မ ခံ နိုင် ကြ သ ဖြင့်၊ 11ဤ သူ သည် မော ရှေ နှင့် ဘု ရား သ ခင် အား ပုတ် ခတ် ပြော ဆို သည် ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ရန်၊ လူ တို့ ကို တိုက် တွန်း ၍၊ 12ပြည် သူ ပြည် သား လူ ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ ကို ထ ကြွ စေ ပြီး လျှင်၊ သ တေ ဖန် ကို လာ ရောက် ဖမ်း ဆီး လျက် လွှတ် တော် သို့ ခေါ် သွင်း ကြ ၏။ 13မု သာ သက် သေ များ ကို လည်း ထည့် ၍ ထို သူ သည် သန့် ရှင်း ရာ ဌာ န တော် နှင့် ပ ညတ် တ ရား တော် ကို ရှုတ် ချ လျက် မ ပြတ် ပြော ဆို ပါ သည်။ 14နာ ဇ ရက် မြို့ သား ယေ ရှု ဆို သူ သည် ဤ ဌာ န တော် ကို ဖြို ဖျက်၍ မော ရှေ အပ် ပေး သော ထုံး နည်း များ ကို လွှဲ ပြောင်း လိမ့် မည် ဟူ သော စ ကား ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ၏။ 15ထို အ ခါ လွှတ် တော် တွင် ထိုင် နေ သူ အ ပေါင်း တို့ သည် သ တေ ဖန် ကို စိုက် ကြည့် ကြ သော် စေ တ မန် တော်၏ မျက် နှာ နှင့် တူ သော မျက် နှာ ရှိ သည် ကို မြင်ကြ ၏။
လက်ရှိရွေးချယ်ထားမှု
တ~မန်~တော်~ဝ~တ္ထု။ 6: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.