YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 5

5
ဆဋ္ဌမစိတ်အာရုံ-ပျံဝဲနေသောစာလိပ်
1တစ်ဖန် ငါ​သည်​မျှော်ကြည့်​လျှင် ပျံဝဲ​နေ​သော​စာလိပ်​ကို မြင်​၏​။ 2ထိုအခါ ကောင်းကင်တမန်​က ငါ့​အား “​သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​လျှင် ငါ​က “​အလျား​အတောင်​နှစ်ဆယ်#5:2 “​360 လက်မ သို့မဟုတ် 900 စင်တီမီတာ​”။​၊ အနံ​ဆယ်​တောင်#5:2 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ​”။​ရှိ​သော​စာလိပ်​တစ်လိပ် ပျံဝဲ​နေ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။
3ထိုအခါ သူ​က “​ဤ​စာလိပ်​သည် မြေ​တစ်ပြင်လုံး​သို့​လွင့်ပျံ​နေ​သည့်​ကျိန်စာ ဖြစ်​၏​။ သူခိုး​ရှိသမျှ​သည် ထို​စာလိပ်​ပါ​အတိုင်း အပြစ်ဒဏ်​ခံရ​ကြ​လိမ့်မည်​။ မဟုတ်မမှန်​ကျိန်ဆို​သူ​ရှိသမျှ​တို့​သည်​လည်း ထို​စာလိပ်​ပါ​အတိုင်း အပြစ်ဒဏ်​ခံရ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ 4ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဤ​စာလိပ်​ကို ငါ​စေလွှတ်​သဖြင့် သူခိုး​၏​အိမ်​ထဲ၌​လည်းကောင်း​၊ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ကျိန်ဆို​သူ​၏​အိမ်​ထဲ၌​လည်းကောင်း ဝင်​နေ​၍ သစ်သား​၊ ကျောက်တုံး​တို့​ပါ​မ​ကျန် ထို​အိမ်​ကို ဖျက်ဆီး​ပစ်​လိမ့်မည်”​ဟု ငါ့​အား ပြောပြ​၏​။
သတ္တမစိတ်အာရုံ-ဧဖာထဲတွင်ထိုင်နေသောမိန်းမ
5တစ်ဖန် ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​သည် ပေါ်လာ​ပြန်​၍ ငါ့​အား “​မည်သည့်​အရာ​ပေါ်လာ​သည်​ကို မျှော်ကြည့်​ပါ​လော့​”​ဟု ဆို​လျှင် 6ငါ​က​လည်း “​ထို​အရာ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​သော် သူ​က “​လွင့်မျော​နေ​သော​ဧဖာ#5:6 “​22 လီတာဆန့်သောတောင်း​”။​ဖြစ်၍ တစ်ပြည်လုံး​ကျူးလွန်​သော​အပြစ်​ကို ပုံဖော်​၏​”​ဟု ဆို​လေ​၏​။ 7ထို့နောက် ခဲ​နှင့်​လုပ်​ထား​သော​အဖုံး​ကို ဖွင့်​လိုက်​သောအခါ မိန်းမ​တစ်​ယောက် ဧဖာ​ထဲ​တွင် ထိုင်​နေ​သည်​ကို တွေ့​ရ​၏​။ 8သူ​က​လည်း “​ဤသည်ကား ဆိုးယုတ်မှု​ဖြစ်​၏​”​ဟု ဆို​လျက် ဧဖာ​ထဲသို့ တွန်းထည့်​ပြီးလျှင် ဧဖာ​အဝ​ကို ခဲ​နှင့်​လုပ်​ထား​သော​အဖုံး​ဖြင့် ဖုံးအုပ်​လိုက်​လေ​၏​။ 9တစ်ဖန် ငါ​မျှော်ကြည့်​လျှင် မိန်းမ​နှစ်​ယောက် ပေါ်လာ​သည်​ကို မြင်​ရ​၏​။ သူ​တို့​သည် လေဟုန်​စီး​ပြီး ပျံဝဲ​လာ​၏​။ ထို​တောင်ပံ​များ​သည် ငှက်ကျား​တောင်ပံ​နှင့် တူ​၏​။ သူ​တို့​သည် ဧဖာ​ကို ချီ​ပြီး မြေကြီး​နှင့် ကောင်းကင်​ကြား​သို့ ပျံသန်း​သွား​ကြ​၏​။
10ထိုအခါ ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​ကို ငါ​က “​သူ​တို့​သည် ဧဖာ​ကို မည်သည့်​နေရာ​သို့ ချီဆောင်​သွား​မည်နည်း​”​ဟု မေးလျှောက်​လျှင်
11သူ​က “​ရှိနာ​ပြည်​သို့ ချီဆောင်​သွား​၏​။ ထို​ပြည်​တွင် ဧဖာ​အဖို့ အိမ်​ဆောက်​မည်​။ အဆင်သင့်​ပြင်ဆင်​ပြီး​သောအခါ ဧဖာ​ကို ထို​နေရာ​တွင်​ထား​မည်​”​ဟု ပြန်ဖြေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ