YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 6:1-7

ရောမဩဝါဒစာ 6:1-7 MSBU

သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ကျေးဇူး​တော်​များပြား​စေရန် ငါ​တို့​သည် အပြစ်​ထဲ၌​ဆက်၍​တည်​ရ​မည်လော။ လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။ သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။ ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​သည် အပြစ်​၏​လက်​မှ လွတ်မြောက်​ပြီ​ဖြစ်​၏။