YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 13:8-14

ရောမဩဝါဒစာ 13:8-14 MSBU

အချင်းချင်း​ချစ်​ခြင်း​မှတစ်ပါး မည်သည့်​အကြွေး​မျှ မ​တင်​စေ​ကြ​နှင့်။ သူတစ်ပါး​ကို​ချစ်​သော​သူ​သည် ပညတ်​တရား​ကို​ပြည့်စုံ​စေ​ပြီ။ အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ”​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။ ချစ်​ခြင်း​မေတ္တာ​သည် ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​အပေါ် မကောင်း​သော​အမှု​ကို​မ​ပြု​တတ်။ ထို့ကြောင့် ချစ်​ခြင်း​မေတ္တာ​သည် ပညတ်​တရား​၏​ပြည့်စုံ​ရာ​ဖြစ်​၏။ သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။ ည​အချိန်​ကုန်​လု​၍ နေ့​အချိန်​ရောက်​တော့မည်။ ထို့ကြောင့် ငါ​တို့​သည် မှောင်မိုက်​ခြင်း​၏​အကျင့်​များ​ကို ဖယ်ရှား​လျက် အလင်း​၏​လက်နက်​များ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​ကုန်စို့။ အပျော်ကြူး​ခြင်း​နှင့်​သောက်စား​မူးယစ်​ခြင်း​တို့​၌​လည်းကောင်း၊ ကိလေသာ​ရှုပ်ထွေး​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​၌​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့်​မနာလို​ခြင်း​တို့​၌​လည်းကောင်း မ​ကျင်လည်​ကြ​ဘဲ နေ့​အချိန်​၌​လျှောက်လှမ်း​သကဲ့သို့ တင့်တယ်​လျောက်ပတ်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ကုန်စို့။ သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။