အကြောင်းမူကား ကိုယ်ခန္ဓာတစ်ခု၌ အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် တူညီသောလုပ်ဆောင်မှုကို လုပ်ဆောင်ကြသည်မဟုတ်သကဲ့သို့ အရေအတွက်များသောငါတို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းအချင်းချင်းဖြစ်ကြကာ ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။ အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။ တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
ရောမဩဝါဒစာ 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမဩဝါဒစာ 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမဩဝါဒစာ 12:4-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ