YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 12:17-21

ရောမဩဝါဒစာ 12:17-21 MSBU

မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။ သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။” အဆိုး​၏​အနိုင်ယူ​ခြင်း​ကို​မ​ခံ​ဘဲ အကောင်း​အားဖြင့် အဆိုး​ကို​အနိုင်ယူ​လော့။