YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 12:10-21

ရောမဩဝါဒစာ 12:10-21 MSBU

ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။ လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။ မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။ သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။ အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။ မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။ သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။” အဆိုး​၏​အနိုင်ယူ​ခြင်း​ကို​မ​ခံ​ဘဲ အကောင်း​အားဖြင့် အဆိုး​ကို​အနိုင်ယူ​လော့။

​ရောမဩဝါဒစာ 12:10-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။