YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 7:9-10

ဗျာဒိတ်ကျမ်း 7:9-10 MSBU

ထို့နောက် ငါ​ကြည့်​လိုက်​ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုး​နှင့် ဘာသာ​စကား​အသီးသီး​တို့​မှ မည်သူမျှ​မ​ရေတွက်​နိုင်​သည့်​များစွာ​သော​လူ​အစုအဝေး​သည် ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်ပလွံ​ခက်​များ​ကိုင်ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုးသငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။ သူ​တို့​က “ကယ်တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​နှင့် သိုးသငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။